Part 19 (Unicode)

51.7K 4.5K 537
                                    

ထက်ပိုင် ကားကို စက်သတ်ရပ်တန့်လိုက်သည်။ သူ့ ရင်တွေထိန်းမရအောင် ခုန်နေပါသည်။ ဒါပေမယ့် နှလုံးသားရဲ့မျှော်လင့်မှုအောက်မှာ သူ တုန်လှုပ်စွာ ကြောက်မိသည်။ ဆက်ပိုင် သူ့ကို ဘယ်လိုမျက်လုံးများနှင့် ကြည့်လာခဲ့မည်ဆိုတာကို သူ သိချင်သည်။ ညက သူအိပ်မပျော်ခဲ့။ အတွေးပေါင်းများစွာ၊ နောင်တပေါင်းများစွာ၊ နာကျင်မှုများစွာနှင့် မှောင်မည်းနေသော အခန်းထဲမှာ တစ်ယောက်တည်းအချိန်ကုန်ခဲ့သည်။

သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူ ဆက်ပိုင်ကို ပြန်လည်တွေ့ဆုံရတော့မည်ဖြစ်သည်။ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ဆက်ပိုင်စီးနှင်းလာမည့် ထားဝယ် ရန်ကုန် အဝေးပြေးကားရောက်ဖို့ တစ်နာရီလောက်လိုသေးသည်။
မနက်ခင်းက အေးဆေးတည်ငြိမ်စွာ ထွန်းလင်းတောက်ပနေသည်။ ထက်ပိုင် ခုံတန်းရှည်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ စီးကရက်တစ်လိပ်ကို မီးညှိဖို့ ကြိုးစားကြည့်ပေမယ့် မီးညှိဖို့ရန်ပင် ခွန်အားမရှိတော့သော လက်များကြောင့် စိတ်လျှော့လိုက်ရသည်။

သေချာပါသည်။ ဆက်ပိုင် သူ့ကို မမုန်းရင်တောင် ချစ်တော့မှာတော့ မဟုတ်ပါ။ မင်းသူပြောသလို ဒါကလည်း အားလုံးအတွက် အကောင်းဆုံးပင်ဖြစ်သည်။

ဆယ်တန်းစာမေးပွဲအပြီး ချောင်းသာကမ်းခြေသို့ သူတို့အားလုံး ခရီးထွက်ခဲ့သည်ကို ပြန်လည်အမှတ်ရလာသည်။ ဆက်ပိုင် သူ့နားမှာ ရှိနေခဲ့ဖူးသည့် ကုန်ဆုံးခဲ့သော အချိန်များသည် သူ့အတွက် အရမ်းကို လှပခဲ့ဖူးသည်။ ဒါပေမယ့် တန်ဖိုးထားရမှန်းကို သူ နားမလည်ခဲ့ပါ။ ပင့်သက်တစ်ခုကို ထက်ပိုင်ချကာ ကောင်းကင်ထက်မှ တိမ်ဖြူတစ်စုကို ငေးကြည့်နေမိသည်။
သိပ်မကြာခင်အချိန်အတွင်းမှာပင် ကွေ့ဝင်လာသော မှန်လုံကားကြီးကို တွေ့လိုက်ရ၍ ထက်ပိုင်အလိုလိုမတ်တပ်ရပ်မိသွားသည်။ ကားဆိုက်ချိန်အများကြီးလိုသေး၍ စောရောက်လာတာပဲဖြစ်ရမည်။ သူ့ ခြေဖျား၊ လက်ဖျားများ ရေခဲတုံးတစ်ခုပမာ အေးစက်သွားသည်။

ဒီကားထဲတွင် သူချစ်ရသော သူ့ကိုမုန်းနေမည့် ဆက်ပိုင်ရှိနေသည်။ မှန်အမည်းများတပ်ထားသည်မို့ ကားအတွင်းကို မမြင်ရ။ ထက်ပိုင် မျက်လုံးများက ကားတံခါးမှရွေ့၍မရ။ အထုပ်အပိုး၊ ခြင်းထောင်းကြီးငယ်များနှင့် ကားပေါ်မှဆင်းလာကြသော ခရီးသည်များကို ငေးကြည့်ရင်း သူ အသက်အောင့်ထားမိသည်။ အားလုံးလိုလိုဆင်းပြီးချိန်မှာတော့ သူ ဆက်ပိုင်ကို ကားပေါက်ဝမှာတွေ့လိုက်ရသည်။

စည်းDove le storie prendono vita. Scoprilo ora