Part 28

37.7K 3.7K 36
                                    


ဦးသိန်းကြည်ကားကြီးကို ဆက်ပိုင်တို့ အိမ်ရှေ့တွင်ထိုးရပ်လိုက်သည်။ အိမ်ရှေ့မြေနီလမ်းတစ်ခုလုံး မီးခိုးရောင်ကားဖြင့် ပြည့်နှက်သွားသည်။ ဆက်ပိုင် ကားပေါ်မှဆင်းရန် ကားလက်ကိုင်ကိုလှမ်းအဖွင့် ဦးသိန်းကြည်မရဲတရဲ စကားစလာသည်။

"ဆက်ပိုင်.. မင်း ကို အန်ကယ်တောင်းဆိုစရာလေးရှိတယ်.. ဟို.. မင်း စိတ်တော့မဆိုးစေချင်ဘူး.."

ဒီတစ်ခါတော့ ဆက်ပိုင် မရယ်ချင်ဘဲရယ်မိသည်။ ဦးသိန်းကြည်ကို လှည့်ကြည့်သော သူ့မျက်လုံးများမှာ မာနရောင်တောက်နေသည်။

"စိတ်ချပါ အန်ကယ်.. ဒီကိစ္စကို ကျွန်တော်နဲ့အန်ကယ်ကလွဲရင် ဘယ်သူမှမသိစေရပါဘူး.. အထူးသဖြင့် ရွှေစင်ရော..ကိုထက်ပါ မသိစေရပါဘူး.. ကျွန်တော်ကတိပေးပါတယ်. အန်ကယ် ကျွန်တော့်ဆီကလိုချင်တာ ဒီကျောက်ကပ်တစ်ခုပဲမဟုတ်လား.. အန်ကယ်လိုချင်တာရရပါစေ့မယ်... အန်ကယ်ဖြစ်စေချင်တဲ့အတိုင်းလည်း ဘယ်သူမှ မသိစေရပါဘူး.. ရွှေစင့်ကအန်ကယ့်သမီးဖြစ်သလို ကျွန်တော်လည်း အခုမှသိပေမယ့် ကျွန်တော့်ညီမပါ.. ကျွန်တော့်ကြောင့် ရွှေစင် စိတ်မဆင်းရဲစေရဘူး.. ပတ်ဝန်းကျင်မှာ မျက်နှာမပျက်စေရပါဘူး.. အန်ကယ်စိတ်ချပါ.."

ဦးသိန်းကြည် ခေါင်းငုံ့သွားမိသည်။

'ကျွန်တော့်ကိုခွင့်ပြုပါဦး...'

ဆက်ပိုင် ကားတံခါးကိုဖွင့်ဆင်းသွားသည်။

ဦးသိန်းကြည်ဘ၀တွင် တစ်ခါမျှ ဒီလောက်ရှက်ရွံ့နာကျင်ရတာမျိုး မခံစားခဲ့ရဘူး။ သူ့အနားမှာ ငယ်ရွယ်ချောမောသော မော်လ်ဒယ်မလေးများ၊ ကောင်လေးများ အခုအချိန်အထိ ၀ိုင်းဝိုင်းလည်နေမြဲဖြစ်သည်။ အခြားသူများ ဘယ်လိုပြောပြော၊ ဘယ်လောက်အပုပ်ချချ သူဂရုမစိုက်သလို စိတ်လည်းမ၀င်စားခဲ့။ လိုချင်သည်ကို ဘယ်သူ့မျက်နှာမှမထောက်ဘဲ ရအောင်ယူကာ ဖြစ်ချင်သည်ကို အခြားသူများ အပေါ်ရက်စက်ရပါစေဦး သူဖြစ်အောင်လုပ်တတ်သည်။

ဆက်ပိုင်အမေ သက်သက်ကိုလည်း သူသည်ချွေးသုတ်ပြီးလွှင့်ပစ်လိုက်သည့် တစ်ရှူးတစ်ရွက်လို အလွယ်တကူ အသုံးချပစ်ခွာခဲ့သည်ပဲဖြစ်သည်။ တစ်ချိန်က မင်းသမီးဖြစ်ချင်လွန်းသည့် သက်သက်သည် ရုပ်ရည်ရော၊ အရည်အချင်းပါ ပြည့်စုံပါသည်။ ဒါပေမယ့် ငွေကြေး၊ နောက်ခံဘာမှမရှိသော ထိုမိန်းကလေးကို ဦးသိန်းကြည် အလွယ်တကူအမြတ်ထုတ်နိုင်ခဲ့သည်။

စည်းWhere stories live. Discover now