Part 18 (Unicode)

48K 4.4K 300
                                    


မင်းသူ၏တိုက်ခန်းသည် ထက်ပိုင်တို့သူငယ်ချင်းများထဲတွင် အခမ်းနားဆုံးဖြစ်သည်။ အိပ်ခန်းနှစ်ခန်းရှိသည့်အပြင် ကျယ်ပြန့်သောဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်အပြင် ခေတ်မီရေပူရေအေးရသော အိမ်သာ ရေချိုးခန်းတွဲရက်နှင့်ဖြစ်သည်။ ရယ်ဖို့တော့ကောင်းသည်။ ကျောင်းတွင်စာမကျက်ချင်ဆုံး၊ အပျင်းအထူဆုံးဖြစ်သော မင်းသူက အားလုံးထက်ကျော်ကာ အဆင်ပြေနေသည်။

ထက်ပိုင် မင်းသူအိမ်မှာလည်း မကြာခဏအိပ်ဖြစ်သည်။ ဒါပေမယ့် မင်းသူကို သူ သိပ်အနှောင့်အယှက်မပေးချင်ပါ။ ဘယ်မိန်းကလေးတစ်ယောက်နှင့်မှ အတည်တကျမရှိသေးသော်လည်း မင်းသူတိုက်ခန်းမှာ ကောင်မလေးချောချောလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရှိနေတတ်သည်။ အခုတော့ ထက်ပိုင်နှင့်မင်းသူ နေရာချင်းလဲထားသည်ဟုပင် ပြော၍ရသည်။ ကျောင်းတုန်းက ထက်ပိုင် မျက်နှာများခဲ့သမျှ မင်းသူ ရည်းစားမရှိခဲ့။ အခုထက်ပိုင် ငြိမ်သက်အေးဆေးချိန်မှာ မင်းသူက မိန်းကလေးချောချောလေးများနှင့် တစ်ယောက်ပြီးတစ်ယောက် တွဲဖြစ်နေသည်။

အခုညနေပိုင်း ထက်ပိုင်ကို မင်းသူအိမ်လာခဲ့ဖို့ ခေါ်ထား၍ ထက်ပိုင်ရောက်နေခြင်းဖြစ်သည်။ မင်းသူ ဖုန်းဆက်မခေါ်လျှင်တော့ သူ မလာဖြစ်တော့။ ဧည့်ခန်းရှိ နှစ်ယောက်ထိုင် သားရေဆိုဖာပေါ်မှာ ထက်ပိုင်လှဲချလိုက်ရင်း တီဗွီခလုတ်ကို ဖွင့်လိုက်သည်။ အမ်တီဗီ ချလ်နယ်လ်ကို ရှာကာအသံကိုအနည်းငယ်ချဲ့လိုက်သည်။

"ရွှေစင် သတို့သမီး ဝတ်စုံဝယ်ပြီးပြီလား။"

"အေး..ဝယ်ပြီးပြီ။"

ရွှေစင် စိတ်တိုင်းကျ ဝတ်စုံရှာနေတာကို မင်းသူသာမက ရန်ကုန်တစ်မြို့လုံးပင်သိမည်ဖြစ်သည်။ သရုပ်ဆောင်အလုပ်များမှ လက်ရှိအနားယူထားသော်လည်း ဦးသိန်းကြည်အရှိန်အဝါကြောင့် သူတို့လက်ထပ်မည့်သတင်းသည် သတင်းသမားများ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်နေသည်။ ရွှေစင်ကတော့ အလှပန်းရွေးသည်မှအစ တီးဝိုင်းသီချင်းအထိ အသေးစိတ် အကုန်စီစဉ်ထားပြီးဖြစ်သည်။ ထက်ပိုင်ကတော့ အလှပြ မတ်တတ်ရပ်ပေးရုံသက်သက် ဆိုလျှင်ပင် မှားမည်မထင်။

စည်းWhere stories live. Discover now