Part 7 (Unicode)

50.7K 4.7K 680
                                    


စျေးသိပ်မကြီးသော တည်းခိုခန်းတစ်ခု၏ ဘန်ဂလိုနှစ်လုံးကို သူတို့ငှားဖြစ်ကြသည်။ မိန်းကလေးနှစ်ယောက်က တစ်ခန်းယူကာ သူတို့ယောက်ျားလေးလေးယောက်က တစ်ခန်းဖြစ်သည်။ နှစ်ယောက်အိပ်ကုတင် နှစ်လုံးရှိသည်ဖြစ်၍ ဆက်ပိုင်တို့ညီအစ်ကိုနှစ်ယောက်က တစ်ကုတင်၊ မင်းသူနှင့်ရန်နိုင်တို့က တစ်ကုတင်ယူဖြစ်ကြသည်။ လေအေးပေးစက်မရှိ၊ ပန်ကာနှင့်သာဖြစ်သော်လည်း ပင်လယ်လေတဟူးဟူးတိုက်နေ၍ မလိုအပ်ဟုပင်ထင်သည်။

တည်းခိုခန်းသို့ ရောက်သည်နှင့် ဒူးထိရောက်သော ရေကူးဘောင်းဘီ အပြာရောင်ကို လဲလှယ်ကာ ဆက်ပိုင် အခန်းတွင်းမှ အရင်ဆုံးထွက်လာခဲ့သည်။ ပင်လယ်ဆိုလျှင် တီဗွီနှင့် ဓါတ်ပုံထဲမှာသာတွေ့ဖူးသော သူ့အတွက်တော့ သူ့မျက်စိရှေ့မှ ကျယ်ပြန့်လှသည့် ပင်လယ်ပြင်ကြီး၏ နေဝင်ချိန်သည် ဆွဲဆောင်မှု ရှိလွန်းလှသည်။ လေထန်လှသောကြောင့် လှိုင်းလုံးများမှာ သဲများရောကော ညိုညစ်ညစ်အရောင်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းကျောက်ဆောင်ပေါ်မှ စေတီလေးတစ်ဆူကို ဖူးမြင်နေရသည်။ ကျယ်ပြန့်လှသော သောင်ပြင်မှာတော့ လူသွားလူလာသိပ်မရှိဘဲ ခြောက်ကပ်နေသည်။ ညိုမည်းနေသော ကောင်းကင်ကြောင့် ဖြစ်မည်ထင်သည်။ မိုးကတော့မရွာသေး။ အေးစပ်နေသေးသော ပင်လယ်ရေကြောင့် ခြေထောက်သာရေစိမ်ကာ အဆုံးမရှိသော မိုးကုပ်စက်ဝိုင်းကို ဆက်ပိုင် ငေးကြည့်မိသည်။ လှိုင်းပုတ်ချိန်နှင့်အတူ ခြေဖျားအောက်မှ လျှောဆင်းနိမ့်ကျသွားတတ်သည့် သဲပွင့်များ၏အတွေ့က စွဲမက်ဖွယ်ကောင်းလွန်းနေသည်။

"ဆက်ပိုင်"

သူ့နောက်မှ ရန်နိုင့်ခေါ်သံနှင့်အတူ ခြေထောက်အောက် လိမ့်လာသော ဘောလုံးကို သူ အသင့်ပြန်ကန်လိုက်သည်။ ဘောလုံးအနီနှင့်အဖြူကွက်လေးသည် အရှိန်ပြင်းစွာဖြင့် ရန်နိုင့်ထံပြန်ပြေးသွားသည်။

"ဘောလုံးကန်ရအောင်ကွာ။"

ဆက်ပိုင်ခေါင်းညိတ်အဖြေပေးကာ ဘောလုံးနောက်ကို အပြေးလိုက်သည်။ ရန်နိုင်က ဆက်ပိုင်ခြေထောက်ထဲ ဘောလုံးရောက်မခံ။ ခပ်ပြုံးပြုံးဖြင့် အသာတို့ကာ ကျော်တက်သွားသည်။ မင်းသူနှင့် ထက်ပိုင်ပါ အခန်းတွင်းမှ ထွက်လာကြသည်မို့ ရန်နိုင်နှင့်ဆက်ပိုင်ကတစ်ဖက်၊ မင်းသူနှင့်ထက်ပိုင်ကတစ်ဖက် ချွေးများစို့လာသည်အထိ ကစားနေကြသည်။ ရေကူးတွင် ထက်ပိုင်ကို ဘယ်သူမှမနိုင်သလို၊ ဘောလုံးကစားရာတွင်လည်း ရန်နိုင့်ကို ဘယ်သူမှလိုက်မမီ။ အနီရောင်ဘောလုံးမှာ ရန်နိုင့်နှင့်ဆက်ပိုင်တို့ခြေထောက်ကြားတွင်သာရှိသည်။

စည်းWhere stories live. Discover now