Part 27

39K 3.6K 167
                                    

"မောင်ခွန်းဆက်ပိုင်.."

စားပွဲရှေ့မှ လူရိပ်တစ်ခုနှင့်အတူ သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။ ဆက်ပိုင်အံ့သြသင့်စွာ မော့ကြည့်မိသည်။ ခွန်းဆက်ပိုင်ဟု သူ့ကိုနာမည်အပြည့်ခေါ်သူမှာ မရှိသလောက်ရှားသည်။

သူ ဘယ်လိုမှ မထင်ထားသည့် သူတစ်ယောက်။

ရွှေစင့်ဖခင် ဦးသိန်းကြည်။

ကျယ်ပြန့်သောနဖူးမှာ ချွေးစက်တစ်ချို့ရှိနေသည်။ လှိုင်းထနေသော ဆံပင်များကို သေသပ်စွာဖြီးသင်ထားသည်။ အနည်းငယ်ဝသော ကိုယ်ခန္ဓာမှာ အရပ်မြင့်သောကြောင့် သိပ်မသိသာ။ မျက်မှန်ထူထူအောက်မှာ စိုးရိမ်ပူပန်ရောင်သန်းနေသော မျက်လုံးများရှိနေသည်။

"အန်ကယ် မင်းနဲ့ စကားခဏပြောချင်လို့.. ရမလား.."

ဆက်ပိုင် ရွှေစင့်ဖခင်ကို တစ်ခါတစ်ရံ တွေ့ဖူးပါသည်။ ရွှေစင့်ကိုတစ်ခါတစ်ရံ ဒရိုင်ဘာနှင့်မလွှတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ အကြိုအပို့လုပ်ပေးတတ်သည်ကို ခပ်လှမ်းလှမ်းမှ တွေ့ဖူးသည်။ ဒါပေမယ့် တစ်ခါမှ သူတို့ရှိရာသို့ ကားပေါ်မှဆင်းလာနှုတ်ဆက်တာမျိုးမရှိ။ ပြီးတော့ အထူးသဖြင့် ဆက်ပိုင်နှင့် တွေ့ဆုံစကား ပြောရလောက်သည့် အကြောင်းမရှိ။

"ထိုင်ပါ အန်ကယ်.. ဘာသောက်ဦးမလဲ.."

"မင်းနဲ့ နှစ်ယောက်ချင်းပြောရလောက်အောင် အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါ.."

ဦးသိန်းကြည် ချိုချိုနှင့် ငုဝါကို တစ်လှည့်စီကြည့်ပြီး ပြောလာသည်မို့ ဆက်ပိုင် အားနာသွားမိသည်။

"ဒီမှာပြောလို့မဖြစ်ဘူးလား အန်ကယ်.."

"အန်ကယ်ကားပါတယ် မောင်ဆက်ပိုင်.. ခဏလောက်ဖြစ်ဖြစ်လိုက်ခဲ့ပေးပါလား.. တကယ် အရေးကြီးလို့ပါ.."

ဦးသိန်းကြည်ဘ၀မှာ ဘယ်သူ့ကိုမှ ခခယယစကားမပြောခဲ့ဖူးပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ့မာနများကို ခပ်ဝေးဝေးမှာ ထားခဲ့ဖြစ်သည်။ အဖြူရောင်တီရှပ်လက်ရှည်ကို သပ်ရပ်စွာဝတ်ထားသော ဆက်ပိုင်ကို ငုံ့ကြည့်ရင်း လက်ဖ၀ါးများချွေးပြန်လာသည်။

စည်းWhere stories live. Discover now