Part 21 (Unicode)

50.3K 4.3K 569
                                    

ဆက်ပိုင်၏ အသက်ရှူငွေ့မှန်မှန်ကို သူကြားနေရသည်။ ငြိမ်သက်စွာ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေသော ဆက်ပိုင်၏ ဖြူစင်သောမျက်နှာကို ထက်ပိုင်တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ မနက်ခင်းနေရောင်ခြည်က သူတို့နှစ်ယောက်၏ အခန်းငယ်ထဲကို တိုးဝင်လာပြီဖြစ်သည်။

မရောက်ချင်သောနေ့တစ်နေ့ကိုရောက်လာခဲ့ပြီဖြစ်သည်။ မရင်ဆိုင်ချင်သော နေ့ တစ်နေ့ကိုရင်ဆိုင်ရတော့မည်ဖြစ်သည်။ မိုးလင်းခါနီးမှ ဆက်ပိုင် အိပ်ပျော်သွားခဲ့သည်။ သူကတော့ အနည်းငယ်မှ အိပ်ချင်စိတ်မရှိပါ။ ထက်ပိုင်အတွက် အချိန်တိုင်း၊ စက္ကန့်တိုင်းသည် တန်ဖိုးရှိလွန်းလှသည်။

ဒီနေ့...

သူ့မင်္ဂလာပွဲနေ့ဖြစ်သည်။

ဆက်ပိုင်နှင့် ထာဝရခွဲခွာနှုတ်ဆက်ရမည့်နေ့ဆိုလျှင်လည်း မမှားပါ။ ဆက်ပိုင်အနည်းငယ်လှုပ်ရှားကာ မျက်လုံးများပွင့်လာသည်။ ကျိန်းစက်နေဟန်ရှိသော မျက်လုံးများကို လက်ဖမိုးဖြင့်ဖိပွတ်တိုက်လိုက်ပြီး သူ့ကိုမော့ကြည့်သည်။

"ကိုထက် နိုးလာပြီလား။"

ဆက်ပိုင်နဖူးကို သူငုံ့နမ်းလိုက်သည်။ သူ့နှုတ်ခမ်းများကို ကြာမြင့်စွာ၊ တင်းကြပ်စွာ ဖိကပ်ထားမိသည်။ လှိုက်တက်လာသော နာကျင်ခြင်းများကို ပြန်လည်သိမ်းဆည်းကာ အပြုံးတစ်ခုကို ဟန်ဆောင်ဖန်တီးမိသည်။

"မောနင်း။"

ဆက်ပိုင် အိပ်ရာမှ ထထိုင်လိုက်ကာ စားပွဲတင်နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မနက် ၇ နာရီကိုညွှန်ပြနေသော စားပွဲတင်နာရီမှာ သူတို့နှစ်ယောက်ကို ဝမ်းနည်းစွာစိုက်ကြည့်နေသလို။ ထက်ပိုင် မထချင်ပါဘဲလျက် ကုတင်ပေါ်မှထကာ မတ်တတ်ရပ်လိုက်သည်။ ဆက်ပိုင်၏ ကိုယ်ငွေ့က သူ့ကိုယ်ပေါ်မှာထင်ကျန်ခဲ့သည်။

"ကော်ဖီသောက်မယ်မဟုတ်လား ဆက်ပိုင်။"

ဆက်ပိုင်ခေါင်းညိတ်ပြသည်။ ဆက်ပိုင်၏ အနည်းငယ်ပွနေသော ခေါင်းကို ကိုင်လှုပ်ကာ သူ အခန်းထဲမှ ထွက်လာခဲ့သည်။ မီးဖိုချောင်တွေ ကော်ဖီန့ံသင်းနေပြီဖြစ်သည်။ ဦးထွန်းဟန် အိပ်ရာမှ စောစီးစွာနိုးထခဲ့သည်ထင်သည်။ လိုက်ကာဖြူကိုမဖယ်ကာ မီးဖိုခန်းအတွင်း ထက်ပိုင်ဝင်လာခဲ့ချိန် ဂက်စ်မီးဖိုမှာ ကြက်ဥကြော်နေသော ဦးထွန်းဟန်ကိုတွေ့လိုက်ရသည်။

စည်းWhere stories live. Discover now