Chapter - 16 (အန္တရာယ်ရှိသောတည်ရှိမှု)

8.9K 1.2K 18
                                    

[Zawgyi]

ခနလောက်ကြာတဲ့အခါမှာ လျှပ်စီးသံထွက်ပေါ်လာပြီး သူမကို ခေါင်းကိုက်စေလေသည်။

[အဲ့ဒါကို အမှတ်တွေနဲ့ လဲလို့ရပါတယ်။ Hostမှာ အမှတ်တစ်မှတ်မှ မရှိလို့ ဘယ်လမ်းညွှန်စာအုပ်ကိုမှ ရမှာမဟုတ်ပါဘူး။]

နဉ်ရှု စိတ်ပျက်သွားသည်။ ထင်ထားတဲ့အတိုင်းပဲ...ဒီကမ္ဘာမှာ ဘာမှအလကားမရဘူးပဲ။

သို့သော်လည်း နဉ်ရှုအရှုံးပေးရန် ငြင်းဆန်ပြီး ပြောလိုက်လေသည်။

[ငါဒီကမ္ဘာကို နင့်အမှားကြောင့်ရောက်လာတာ။ တာဝန်ခက်ခဲမှုက အရမ်းမြင့်တယ်။ နင်အလျော်ပေးသင့်တယ်မလား!?]

Systemက ငြီးငွေ့စွာပြန်ဖြေလေသည်။

[Host ဒီကမ္ဘာကိုရောက်လာရတာက system programမှာ ပြသနာတက်သွားလို့ပါ။ ကျွန်တော့်ကြောင့် မဟုတ်ဘူး။]

နဉ်ရှု သွေးအန်လိုက်မိလေသည်။ ဒီလိုSystemမျိုးကို သူမက ဈေးဆစ်ဖို့ကြိုးစားမိတယ်။ သူမ ဦးနှောက်မကောင်းတော့တာပဲ ဖြစ်ရမယ်။

တစ်ခုတည်းသော ဖြစ်နိုင်ချေလေးဟာ ကြတ်ခြေခတ်ခံလိုက်ရပြီဖြစ်လေသည်။ နဉ်ရှု စိတ်ဓာတ်ကျလာသည်။

တစ်ဖက်မှာတော့...နဉ်ရှုရဲ့ရှေ့မှာ ထိုင်နေတဲ့ လင်းရွှယ်ဟာ Systemရဲ့ ချက်ချင်းဆိုသလို ပေါ်ပေါက်လာမှုကြောင့် ပျာယာခတ်နေခဲ့လေသည်။ စွမ်းအားကြီးမားတဲ့ တစ်စုံတစ်ခုက သူမကိုစိုက်ကြည့်နေသလို ခံစားနေရတာဖြစ်သည်။

လင်းရွှယ် ခြောက်ခြားသွားတော့တယ်။

'ဒီကမ္ဘာမှာ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ တည်ရှိမှုတစ်ခုက ဘယ်လိုများရှိနေရတာလဲ? ဒါမဖြစ်နိုင်ဘူး!! '

လင်းရွှယ်ဟာ ထိန်းချုပ်မရအောင် တုန်လှုပ်နေခဲ့ပြီး ချွေးစေးတွေဟာ သူမရဲ့ကျောမှာ စိုစွတ်လို့လာခဲ့လေသည်။

ကျင့်ကြံသူတွေမှာ စူးရှထက်မြက်လွန်းတဲ့ အာရုံခံစားမှုတွေ ရှိကြလေသည်။ ဒါ့အပြင် ဆိုးဝါးတဲ့ ကံကြမ္မာတွေ အကုန်လုံးဟာ ကောင်းချီးမင်္ဂလာတွေအဖြစ် ပြောင်းလဲသွားပြီး လင်းရွှယ်ဟာ ဒီကမ္ဘာရဲ့ အထူးကံကောင်းခြင်းတွေကို ခံစားရလေသည်။ အရာအားလုံးဟာ သူမဒီကမ္ဘာကို ရောက်ရှိလာတည်းက အဆင်ပြေချောမွေ့နေခဲ့တာ ဖြစ်လေသည်။ လင်းရွှယ်အနေနဲ့ သူမရဲ့ဆံပင်တွေထောင်ထသွားရလောက်တဲ့အထိ ကြောက်ဖို့ကောင်းတဲ့တည်ရှိမှုမျိုးကို အခုအချိန် မတိုင်ခင်အထိ မကြုံဖူးပေ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]On viuen les histories. Descobreix ara