Chapter - 10 (မင်းသားလျန်တည်ရှိနေရတဲ့ရည်ရွယ်ချက်)

8.8K 1.3K 32
                                    

[Zawgyi]

သူမရှေ့က မြင်ကွင်းကိုကြည့်နေရတာ နဉ်ရှုပင်ပန်းလာပြီဖြစ်သည်။ လျန်အော့ရဲ့ အေးစက်ပေမယ့်နူးညံ့တဲ့ပုံစံဟာ ချစ်စရာကောင်းတယ်လို့ နဉ်ရှုမခံစားရပေ။ သူ့ကိုယ်သူ အရေးပါလွန်းတဲ့ လူတစ်ယောက်လိုမြင်နေတယ်လို့သာ ခံစားရလေသည်။ သူ့ရဲ့လူတွေအပေါ် အထင်သေးတဲ့မှုတွေ ၊ ဆင်းရဲသူတွေကို စွန့်ကြဲတတ်သလိုမျိုး ပြုမူနေတဲ့ပုံတွေက မြင်ရသူကို လက်ယားစေသည်။

အကောင်းအဆိုးတောင် မခွဲခြားနိုင်တဲ့ ဒီလိုလူမျိုးနဲ့ ပတ်သက်စရာဘာအကြောင်းမှ မရှိဘူးလို့ သူမခံစားလိုက်ရသည်။

အဓိက အမျိုးသမီးဇာတ်ဆောင်က အရမ်းကြီး OPဖြစ်နေရင်တောင်မှ ဒါကကျောင်းသားဇာတ်လမ်းတစ်ခုပင်။ ဒါကြောင့်ပဲ တစ်ခြားမင်းသားနှစ်ယောက်က အရံဇာတ်ကောင်တွေ ဖြစ်သွားတဲ့အချိန်မှာ သက်ရှိအရာအားလုံး ဦးညွှတ်ရတဲ့ မင်းသားလေးက ဒုတိယဇာတ်လိုက်ဖြစ်လာတာပေါ့။

လျန်အော့ရဲ့ တည်ရှိုမှုတစ်ခုလုံးက အဓိကဇာတ်လိုက်ရဲ့ ရင့်ကျက်တဲ့ဆွဲဆောင်မှုကို ပိုပြီးပေါ်လွင်စေဖို့ အထောက်အပံ့လေးသာဖြစ်တယ်လို့ နဉ်ရှုသံသယ ဝင်လာခဲ့သည်။

လျန်အော့အကြောင်း ဂရုမစိုက်တော့ဘူးလို့ နဉ်ရှုတွေးလိုက်တဲ့အချိန်မှာပဲ သူမဝင်နေတဲ့ကိုယ်ဟာ သူမရဲ့အတွေးတွေကို စတင်ခုခံလာပြီး သူမရဲ့ဝိဥာဉ်ကိုပင့် ငင်းဆန်လာတော့သည်။

သူမစိတ်ထဲကနေ အလျင်အမြန်ပဲ သတိပေးလိုက်ရလေသည်။

"မင်းသားလျန်ကို ကယ်ဖို့ငါဒီမှာရှိနေတာပါ။ မင်းသားလျန်ကို ကယ်မှာပါ။ မင်းသားလျန်ကို ကယ်မှာ...။"

မူလပိုင်ရှင်ရဲ့ ခံစားချက်အကြွင်းအကျန်တွေက ခနလေးအတွင်းမှာပဲ ငြိမ်သက်သွားတော့သည်။

နဉ်ရှု ပြောစရာစကားမဲ့စွာနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကံဆိုးလွန်းတာကြောင့် သူမဒီကမ္ဘာကို အပို့ခံရသည်။ သူမရဲ့တာဝန်က လက်တွေ့မှာ အောင်မြင်ဖို့ သိပ်မဖြစ်နိုင်ပေ။ အခုတော့ ဒီကိုယ်ရဲ့ ခံစားချက်လက်ကျန်တွေက ဒုက္ခဖြစ်စေပြန်သည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now