Chapter - 32 (အပိုအရှုပ်ဇာတ်ကောင်လေးရဲ့ဝမ်းနည်းဖွယ်ကံတရား)

7.6K 1.2K 20
                                    

[Zawgyi]

နဉ်ရှု ကျောင်းဆရာဝန်ကိုတွေ့ဖို့ ဆေးပေးခန်းကို သွားလိုက်တယ်။ အခုထိ လူနာတွေနဲ့ပြည့်နေတဲ့အခန်းကို ထပ်တွေ့လိုက်ရတဲ့အခါမှာတော့ ကျောင်းဆရာဝန်အန်ကယ်က ဒီမှာဘာလုပ်ဖို့ ကျောင်းဆရာဝန်လုပ်နေတာလဲဆိုတာကို မေးခွန်းထုတ်မိသွားလေတယ်။

အကြောင်းပြချက်တစ်ခုကတော့ သေချာပေါက်ရှိရမယ်။ ခေါင်းထဲကိုကျည်ဆံသွင်းချင်နေတဲ့နည်းပြကြီး အရမ်းကြောက်ရတဲ့လူက ဘယ်လိုလုပ်ပြီး သာမန်ကျောင်းဆရာဝန်ဖြစ်နိုင်မှာလဲ?

ကျောင်းဆရာဝန်က နဉ်ရှုကိုမြင်တဲ့အခါ သူမကိုသေချာကြည့်လိုက်ပြီး အံ့အားသင့်နေတဲ့ပုံနဲ့ မေးလာလေတယ်။

"အာ...မင်း တကယ်ကို ခုထိအသက်ရှင်နေသေးတာပဲ။ သေနတ်ပစ်လေ့ကျင့်ကွင်းကို မသွားခဲ့ဘူးလား?"

နဉ်ရှု : .......

သူမသွေးအန်မိတော့မလို ဖြစ်သွားလေတယ်။ ဒီကောင်စုတ်က သေနတ်ပစ်လေ့ကျင့်ကွင်းမှာ လူသတ်ရတာကိုစွဲလမ်းနေတဲ့ လူတွေရှိတယ်ဆိုတာ သေချာပေါက်သိထားတယ်။ သူမခြေတလှမ်းဝင်လိုက်တာနဲ့ သေသွားနိုင်တာကို နည်းနည်းလေးတောင် သတိမပေးဘူး။

လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိအကြံပက်စက်ရတာလဲ? အမှန်တရား ၊ နတ်ဘုရားမနဲ့ အလှအပဆိုတာ သူ့စိတ်ထဲမှာ ရှိရောရှိရဲ့လား?

နဉ်ရှု နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြောလိုက်တယ်။

"ကျေးဇူးပဲ။"

သူမရဲ့ခါးမှာချိတ်ထားတဲ့ အမျိုးသမီးကိုင်ပစ္စတိုကို ပုတ်ပြလိုက်လေတယ်။

ကျောင်းဆရာဝန်က သူမကို ခဏလောက်စိုက်ကြည့်နေပြီးမှ ပြောလာတယ်။

"ကျောင်းရဲ့ပန်းကလေး လင်းရွှယ်နဲ့ မင်းပြသနာတက်ထားတာလား?"

"အန်ကယ်တောင်မှ လင်းရွှယ်ကိုသိတယ်ပေါ့? လင်းရွှယ်ရဲ့နာမည်က တကယ်ကိုကျော်ကြားတာပဲ။"

နဉ်ရှု ကျောင်းဆရာဝန်ကို အလန့်တကြားကြည့်ပြီး မေးလိုက်တယ်။

"အန်ကယ်...မဖြစ်နိုင်ဘူးမလား?"

"ဘာကိုမဖြစ်နိုင်တာလဲ?"

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now