Chapter - 28 (ငါမင်းကိုဒီညလာရှာမယ်။)

7.8K 1.1K 10
                                    

[Zawgyi]

ကျောင်းဆရာဝန်က မျက်ခုံးပင့်ကာ နဉ်ရှုကိုကြည့်လိုက်ပြီး အေးစက်စွာပြုံးလေတယ်။ သူက သူ့ရဲ့အဖြူ ရောင်ကုတ်ကို ခါရင်း ပြောလိုက်တယ်။

"ငါမင်းကို ဘာကြောင့်ငှားရမှာလဲ? ပြီးတော့ ငှားလိုက်ရင်တောင် ဘယ်လိုသုံးရတယ်ဆိုတာ မင်းသိလို့လား?"

"ကျွန်မ သင်လို့ရတယ်လေ။"
နဉ်ရှု စိတ်လှုပ်ရှားစွာပြောလိုက်တယ်။

"ဒါက သေခြင်းရှင်ခြင်းကြားက ကိစ္စပဲ။ အန်ကယ်....ကျွန်မမှာ ရွေးချယ်စရာမရှိတော့လို့သာ မဟုတ်ရင် ရှင့်ကို ကျွန်မလာမရှာဘူး။"

နဉ်ရှုက အရာအားလုံးကို လောင်းကြေးထပ်လိုက်တာပင်။ သူမရဲ့အသက်ကို အာမခံပေးနိုင်တဲ့ ပစ္စည်းကိုငှားဖို့အတွက် သူမရဲ့ သိက္ခာအကုန်လုံးကို စွန့်လိုက်လိုက်ရလေတယ်။

ကျောင်းဆရာဝန်က မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ရင်း မေးလေတယ်။

"မင်းဘယ်သူ့ကို အပြစ်လုပ်မိတယ်လို့ ပြောလိုက်တာလဲ?"

"ဘယ်သူ? အော်...နတ်ဘုရားမလင်းရွှယ်လေ။"

နဉ်ရှု မျက်တောင်တဖျတ်ဖျတ်ခပ်ရင်း ကျောင်းဆရာဝန်ကို ကြည့်လိုက်တယ်။ ခေါင်းအစခြေအဆုံး....ကျောင်းဆရာဝန်ရဲ့ အသားအရေက တကယ်ကိုကောင်းတယ်။ ကျောက်စိမ်းဖြူ လေးလို အပြစ်အနာအဆာမရှိ ချောမွေ့နေတာပဲ။

"ကျောင်းသူတစ်ယောက်ကို ခုခံဖို့ မင်းတကယ်ကြီး သေနတ်လိုတာလား?"

ကျောင်းဆရာဝန်ရဲ့ မျက်မှန်ပေါ်မှာ အဖြူ ရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတယ်။

"သူမက ကျောင်းသူလေးတစ်ယောက်ပဲမဟုတ်ဘူးလား?"

"သူမက ကျောင်းသူလေးတစ်ယောက်ပဲလို့ အန်ကယ်ဘယ်လိုများ ပြောနိုင်ရတာလဲ?"

နဉ်ရှု ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျောင်းဆရာဝန်နားကိုကပ်ကာ ပြောလိုက်တယ်။

"လင်းရွှယ်က သာမန်လူမဟုတ်ဘူး။"

"စကားပြောမှာဆို စကားပဲပြောလေ။ ဘာကိစ္စ ကပ်လာတာတုန်း?"

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now