Chapter - 22 (ထူးဆန်းသောမြင်ကွင်း)

8K 1.1K 33
                                    

[Zawgyi]

နဉ်ရှုရဲ့ အလှည့်ရောက်လာတဲ့အခါ သူမက ခုံပေါ်မှာထိုင်ပြီးပြောလိုက်လေတယ်။

"ကျွန်မမျက်နှာကို ကုပေးပါ။"

ဆရာဝန်က နဉ်ရှုကို ကြည့်မိတဲ့အခါ သူ့မျက်ခုံးတွေ ပင့်တက်သွားလေတယ်။ သူက ဂွမ်းစကိုယူပြီး အရက်ပြန်စွတ်နေရင်း မေးလိုက်တယ်။

"ဒီတစ်ခါရော ဘာဖြစ်လာပြန်ပြီလဲ။ မင်းခေါင်းက ခုထိယောင်နေသေးတာကိုတောင် ဒဏ်ရာထပ်ရလာသေးတယ်လား?"

"ကိုယ်က လူကြိုက်များတယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် မင်းကိုယ်မင်း ဒီလောက်ထိ ညှဉ်းဆဲဖို့ မလိုပါဘူး။ အိုက်ယား....မင်းမျက်နှာမှာ ကုတ်ခြစ်ရာတွေချည်းပဲ။"

ဆရာဝန်က နဉ်ရှုရဲ့မျက်နှာကို ဂွမ်းစနဲ့ တို့ထိလိုက်လေတယ်။

"မင်းရဲ့ကိုယ်ပိုင်မျက်နှာလေးကို ဒဏ်ရာပြင်းပြင်းရအောင် မင်းဘယ်လိုများရက်ရက်စက်စက်လုပ်ရတာလဲ..အား?"

အရက်ပျံတွေက ပွင့်နေတဲ့ဒဏ်ရာတွေနဲ့ ထိမိတဲ့အခါ နဉ်ရှုဟာ ရှုံ့မဲ့သွားလေတယ်။ သူမဘေးနားက တစ်ကိုယ်ကောင်းဆန်တဲ့ ဆရာဝန်ကတော့ ခုထိမရပ်မနား ပွစိပွစိပြောနေတုန်းပင်။

"ပါးစပ်ပိတ်ထား။ ရှင်ကတအားစိတ်ရှုပ်ဖို့ကောင်းတာပဲ။ ဒါကလူတွေ ငါ့ကိုရိုက်လို့ဖြစ်တာ။ ကိုယ်ကိုကိုယ်ထိခိုက်အောင် လုပ်တာမဟုတ်ဘူး။"

နဉ်ရှုအော်လိုက်လေတယ်။ လုံလောက်နေပြီလေ။

ဆရာဝန်က မျက်မှန်ကို အနည်းငယ်ပင့်တင်လိုက်တယ်။ အလင်းရောင်တစ်ချို့က သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားတယ်။ သူစကားမပြောတော့ဘဲ သူ့လှုပ်ရှားမှုတွေမှာပဲ ပိုပြီးအားထည့်လိုက်လေတယ်။

နဉ်ရှုလေသံက ချက်ချင်းပဲပြောင်းသွာ့းပီး ပြောလိုက်တယ်။

"ကျွန်မ မှားသွားပါတယ်။ ညင်ညင်သာသာလုပ်ပေးပါ။"

မှန်ထဲမှာပေါ်နေတဲ့ ဆေးပလာစတာတွေအပြည့်နဲ့မျက်နှာကိုကြည့်ပြီး နဉ်ရှု ပင်ပင်ပန်းပန်းသက်ပြင်းချလိုက်လေတယ်။ ကုတ်ခြစ်ရာတိုင်းပေါ်မှာ ပတ်တီးတစ်ခုစီရှိနေလေတယ်။ ဒီဆရာဝန်က သူမကိုစိတ်ရှုပ်အောင်လုပ်နေသလို နဉ်ရှုခံစားလိုက်ရတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now