Chapter - 6 (ကျောင်းဆရာဝန်)

9.6K 1.3K 12
                                    

[Zawgyi]

နောက်ဆုံးတော့ နဉ်ရှုက သူမအလှည့်ရောက်သည်အထိ စောင့်နေဖို့ဆုံးဖြတ်လိုက်ပြီး နံရံကိုမှီလိုက်လေသည်။ ကျောင်းဆရာဝန်က နဉ်ရှုကို လှမ်းကြည့်သည်။ သူမရဲ့ ဖူးယောင်နေတဲ့မျက်နှာကို တွေ့တဲ့အခါ အံ့အားသင့်မှုက သူ့ရဲ့ချောမောတဲ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားသည်။
သူ့အနေနဲ့ ဖျားနာချင်ယောင်ဆောင်နေတဲ့လူတွေနဲ့သာ တွေ့နေရတာဖြစ်သည်။ အမှန်တကယ်ကို ထိခိုက်ဒဏ်ရာရနေတဲ့လူတစ်ယောက် ရုတ်တရက်ပေါ်ထွက်လာမှုက ထူးဆန်းပြီး အံ့သြစရာကောင်းနေလေသည်။

နဉ်ရှုက သူမရဲ့နဖူးက ဒဏ်ရာကို ပြပြီး ရိုးရှင်းစွာ ပြောလိုက်သည်။

"ကျွန်မကို ဒီဒဏ်ရာ ကုပေးပါ။"

သူမကိုယ်ပေါ်က ဒဏ်ရာတွေအတွက်ကတော့ သူမဘာသာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ ကျောင်းဆရာဝန်က အမျိုးသမီးတစ်ယောက်ဖြစ်ရမည်ဟု သူမတွေးထားသော်လည်း ယခုမူ ချောမောသော အမျိုးသားတစ်ဦးဖြစ်နေခဲ့သည်။ ကျောင်းဆရာဝန်လုပ်ရတာက သူ့အတွက် အချိန်တွေဖြုန်းတီးနေသလိုပင်။

အမျိုးသမီးဇာတ်လိုက်ရှိတဲ့နေရာကတော့ ထင်ထားသည့်အတိုင်းပင်...ကျောင်းဆရာဝန်ကတောင် ဆွဲဆောင်မှုရှိတဲ့သူဖြစ်နေခဲ့လေသည်။

ဆရာဝန်က ဂွမ်းစကိုယူကာ အရက်ပျံဆွတ်လိုက်ပြီး နဉ်ရှု၏မျက်နှာပေါ်မှ ဒဏ်ရာရာနေသော နေရာကို ညင်သာမှုမရှိစွာပင် လျင်မြန်စွာဖိပွတ်လိုက်လေရာ နဉ်ရှု အံကြိတ်မိလေသည်။ ကျောင်းဆရာဝန်တစ်ယောက်ကတောင် သူမတို့ကြားမှာ ဘာပြသနာမှမရှိဘဲနဲ့ သူမကိုကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်။

'တစ်ကျောင်းလုံးများ လင်းရွှယ်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားတာလားဟေ!?'

ထို့နောက် ဆရာဝန်က ဒဏ်ရာကို ရိုးရိုးလေးပဲ ပတ်တီးစည်းပေးကာ ပြီးပြီဖြစ်ကြောင်း ပြောလေသည်။

"ပြီးပြီ။ မင်းဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲ?"

သူမရဲ့နဖူးက ဖူးယောင်နေပြီး သွေးထွက်နေတုန်းပင်ရှိသေးသည်။ ဒါကိုကုဖို့ သူလုပ်ပေးတာက ပြီးပြီတဲ့လား။ ဆေးရုံမှာ ဆယ်နှစ်ကျော်နေခဲ့ရတဲ့ လူနာတစ်ယောက်အနေနဲ့ အနှီဆရာဝန်၏ ပုံစံသည် အသက်ကို အလေးမထားဘဲ တာဝန်မဲ့လွန်းသည်ဟု သူမခံစားနေရသည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Où les histoires vivent. Découvrez maintenant