[Zawgyi]
နဉ်ရှုရဲ့ နှလုံးသားလေးဟာ နာကျင်လွန်းလို့ ထုံနေပြီဖြစ်သည်။ သူမ ဒီလိုခံစားချက်တွေ လွှမ်းမိုးခံရတာကို တကယ်ကို မုန်းပါတယ်နော်။ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
လျန်အော့က သူမစိတ်ကျေနပ်စေရန် ကြိုးပမ်းနေလေတာကြောင့် လင်းရွှယ် ရယ်မောလိုက်မိသည်။ သူမက နဉ်ရှုကို စောင်းငဲ့ကြည့်လိုက်ပြီး ဖြတ်ကျော်သွားတော့သည်။ သင်းပျံ့တဲ့ရနံ့က ပျံ့လွင့်လို့လာတာကြောင့် နဉ်ရှုသူမရဲ့နှာခေါင်းကို တရှုံ့ရှုံ့လုပ်ပြီး အနံ့ခံမိလေသည်။ ဒီအနံက တကယ်မွှေးတယ်။
သူမက တကယ်ဆွဲဆောင်မှုရှိတယ်။ လင်းရွှယ်က ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ နဉ်ရှုမငြင်းနိုင်ပေ။ သူမသာ ဆွဲဆောင်မှုမရှိရင် အမျိုးသားဇာတ်လိုက် ၊ များပြားလှတဲ့ အရံဇာတ်ကောင်တွေနဲ့ မရေတွက်နိုင်တဲ့ လူငယ်လေးတွေကို သူမကို ခစားလာအောင် လုပ်နိုင်မည်မဟုတ်ပေ။
သူမကို အခုထိ ခနခနကြည့်နေကြတဲ့ လူတွေနဲ့ နဉ်ရှုဆက်မထိုင်နိုင်တော့ပေ။ စာသင်ချိန်တွေပြီးဆုံးသွားတာနဲ့ သူမကျောင်းထဲက ထွက်လာလိုက်သည်။ ကျောင်းဝင်ပေါက်မှာ ဒရိုင်ဘာတစ်ယောက်စောင့်နေတာကို သူမမြင်လိုက်ရသည်။ သူက သူမကိုမြင်တာနဲ့ ကားတံခါးကို ချက်ချင်းဖွင့်ပြီး ပြောလေသည်။
"သခင်ကြီးက သခင်မလေးကို စောင့်နေပါတယ်။"
ကျောင်းဝင်ပေါက်မှာ ရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေကို ကြည့်ပြီးနဉ်ရှု မျက်ခုံးပင့်လိုက်မိသည်။ နောက်ဆုံးတော့ Ace Academyကို အထက်တန်းလွှာတွေအတွက် ကျောင်းလို့ ဘာကြောင့်ပြောကြတာလဲဆိုတာ သူမခံစားမိပြီဖြစ်သည်။
သူမရဲ့မှတ်ဥာဏ်တွေထဲကနေ "သခင်ကြီး"ဆိုတဲ့ လူရဲ့အကြောင်းကို စစ်ဆေးကြည့်လိုက်သည်။ ဒီလူက မူလခန္ဓာပိုင်ရှင်ရဲ့ အဖေပင်။ တကယ်တမ်းတော့ လင်ကျားကျားသည် အလွန်ပင်နိမ့်ကျလေသည်။ သူမရဲ့မိသားစုက လက်လီရောင်းချခြင်းဖြင့် ချမ်းသာလာခဲ့တာဖြစ်သည်။ သူမရဲ့ဖခင်က ချမ်းသာပြီး အာဏာရှိသူလို နေထိုင်သော်လည်း အတွင်းသတင်းတွေရှိသော စစ်မှန်သည့် မျိုးရိုးမြင့်မိသားစုများ၏ မျက်လုံးထဲတွင်မူ သူမမိသားစုသည် အောက်ခြေအဆင့်လောက်သာ ရှိလေသည်။ ထို့ကြောင့်ပင် လင်ကျားကျားအနေဖြင့် ကံဆိုးလွန်းသောကြောင့်သာ Ace Academyမှာတက်ရောက်ခွင့်ရသည်ဟု ပြောရခြင်းဖြစ်သည်။
BẠN ĐANG ĐỌC
Campus Cultivation Crisis (Arc - 1) [Myanmar Translation]
Phiêu lưuAuthor - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရာ အပိုအရှုပ်ဇာတ်ကောင်လေးတွေအတွက် ပြန်လည်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူ(task-taker)တစ်ယောက် ဖြစ်လာ...