Chapter - 60

8.7K 1.1K 11
                                    

[Zawgyi]

<ပထမတာဝန်ပြီးဆုံး>

နဉ်ရှုရဲ့ အတန်းဆီကို သူ့အလိုလို ထပ်သွားနေမိတာကို လျန်အော့သတိထားမိသွားတယ်။ သူ ဒီအတန်းကို နေ့တိုင်းလိုလို လာတတ်တယ်။ အရင်တုန်းကတော့ လင်းရွှယ်ကို ရှာဖို့ဖြစ်တယ်။ နောက်ပိုင်းကျတော့ နဉ်ရှုနဲ့ တိုက်ခိုက်ဖို့ဖြစ်တယ်။ သူ့ခြေထောက်တွေက သူ့ကို အဲ့ဒီကိုခေါ်သွားတာနဲ့ ကျင့်သားရနေပြီဖြစ်တယ်။

သူက တံခါးမှာရပ်လိုက်ပြီး ပြတင်းပေါက်ကိုဖြတ်ကာ လင်ကျားကျားကို ကြည့်လိုက်တယ်။ သူမက စာဖတ်တဲ့အပေါ်မှာ အာရုံစိုက်ထားတယ်။ သူမရဲ့ပုံစံက လေးနက်နေတယ်။ နေရောင်ခြည်က သူမအပေါ်ကို ဖြာကျနေပြီး သစ်ခွပန်းချီတစ်ချပ်လို ငြိမ်သက်အေးချမ်းတဲ့ မြင်ကွင်းကို ဖြစ်ပေါ်နေစေတယ်။

တစ်ယောက်ယောက်က သူမကို ကြည့်နေတာကို နဉ်ရှုခံစားမိလိုက်တယ်။ သူမ လှည့်ကြည့်လိုက်ပြီး လျန်အော့ကို မြင်တဲ့အခါ သူမရဲ့မျက်ခုံးတွေ တွန့်ကွေးသွားလေတယ်။ ဒီကောင်က လင်းရွှယ်ဘယ်မှာလဲဆိုတာမေးဖို့ ဒီကိုထပ်ရောက်လာတာပဲဖြစ်ရမယ်။

သူမ ဒါကို နားမလည်နိုင်ပေ။ လျန်အော့က ဘာကြောင့်များ ဒီကိုနေ့တိုင်းလာပြီး လင်းရွှယ်ဘယ်မှာလဲဆိုတာ သူမကို လာမေးနေရတာလဲ? သူမက အားလုံးကို မသိပေ။ လျန်အော့က လင်းရွှယ်ရဲ့ပျောက်ဆုံးမှုအတွက် သူမကို သံသယဝင်နေသလိုပြုမူနေသော်လည်း ဒါက အမှန်ပဲဖြစ်တယ်။

သူ့ကိုတွေ့သွားပြီလို့ လျန်အော့သိသွားတဲ့အခါ သူ့နှလုံးသားလေးက ခုန်သွားလေတယ်။ သူသဘောမကျတဲ့ တစ်စုံတစ်ယောက်ကို ချောင်းကြည့်နေတာကို အမိခံလိုက်ရတဲ့အခါ သူက အနည်းငယ်မျက်နှာပူကာ ရှက်လာတော့တယ်။ ဒါပေမယ့်လည်း နဉ်ရှုရဲ့မျက်နှာပေါ်က စိတ်ရှုပ်နေတဲ့အမူအရာကို သူတွေ့သွားတဲ့အခါ ဒီခံသားချက်တွေက ဒေါသနဲ့အစားထိုးခံလိုက်ရပြန်တယ်။ သူက အတန်းထဲကို ခြေလှမ်းကျဲနဲ့ဝင်လာပြီး နဉ်ရှုဆီလျှောက်သွားလိုက်တယ်။ မေးကိုမော့ချီလိုက်ပြီး အထက်စီးဆန်ကာ စိတ်မရှည်တဲ့လေသံနဲ့ သူက နဉ်ရှုကို မေးခွန်းထုတ်လိုက်တယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Wo Geschichten leben. Entdecke jetzt