Chapter - 3 (Ace Academy)

13.5K 1.4K 24
                                    

[Zawgyi]

ဤကမ္ဘာတွင် နယ်ပယ်များစွာတည်ရှိနေပြီး နဉ်ရှုရဲ့တာဝန်ကတော့ သူမဝင်ရောက်ရတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ထိုသူတို့သည် သူတို့ဘဝမြင့်မားလာရန် မျှော်လင့်လျက် တစ်ချို့သောအရာတွေကို စွန့်လွှတ်ကြလေသည်။

ထိုသူတို့၏ကိုယ်တွင် တာဝန်ထမ်းဆောင်သူများက ဝင်ရောက်ပြီး ဆန္ဒဖြည့်ပေးရခြင်းပင် ဖြစ်သည်။

သူမတစ်ခြားလူတွေရဲ့ ကိုယ်ထဲကို ဝင်လို့ရကြောင်း နဉ်ရှုသိတဲ့အခါ သူမအလွန်ပျော်သွားလေသည်။ သူမတာဝန်ထမ်းဆောင်နေချိန်မှာ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဘဝကို ကြုံတွေ့ရမှာဖြစ်ပြီး သူမမသေခင်က ဆန္ဒကိုဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

(T/N - ဆိုလိုတာက နဉ်ရှုက ကျန်းမာတဲ့လူတစ်ယောက်လိုနေချင်ခဲ့တာပါ။ သူ့အရင်ဘဝက ဆေးရုံပေါ်မှာပဲ နေခဲ့ရတာလေ။)

သို့သော်လည်း သူ့ကိုယ်သူ Systemလို့ခေါ်တဲ့အရာက သူမရဲ့ပျော်ရွှင်မှုလေးကို ဖျက်ဆီးလိုက်လေသည်။

[Hostမှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ငါးနှစ်ရှိတယ်။ Hostရဲ့ သက်တမ်းအမှတ်က 50။ သက်တမ်းမှတ်တစ်မှတ်က တစ်နှစ်နဲ့ညီတယ်။ Hostရဲ့ သက်တမ်းမှတ်တွေကုန်ဆုံးသွားရင် Hostထာဝရပျောက်ကွယ်သွားလိမ့်မယ်။ Hostအနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့ ကမ္ဘာမှာပဲ တစ်သက်လုံးနေဖို့ ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ Hostပျောက်ကွယ်သွားလိမ့်မယ်။]

သူမနားလည်ကြောင်းပြဖို့ နဉ်ရှုခေါင်းငြိမ့်လိုက်သည်။

[Hostရဲ့ ပထမဆုံးတာဝန်အတွက် Systemထဲမှာရှိတဲ့ အလွယ်ဆုံးကမ္ဘာကို ရွေးပေးထားတယ်။ တက္ကသိုလ်ကျောင်းသား ကမ္ဘာတစ်ခုပဲ။ တာဝန်ကို အခုစတင်ထမ်းဆောင်တော့မလား။]

Systemရဲ့အသံက အတက်အကျမရှိ အေးစက်လို့နေသည်။

Systemရဲ့ အသံကိုကြားရတဲ့အခါတိုင်း နဉ်ရှုတစ်ကိုယ်လုံး အေးစက်လာတတ်သည်။ သူမဒီအသံကို တကယ်မကြိုက်ပါချေ။ ဒါကြောင့် နဉ်ရှု ချက်ချင်းပဲတုန့်ပြန်လိုက်သည်။

"တာဝန်ထမ်းဆောင်မယ်။"

နဉ်ရှုပြောပြီးတာနဲ့ မူးဝေမှုကို ခံစားလိုက်ရသည်။ သူမရဲ့တစ်ကိုယ်လုံးကို ပုလင်းသေးသေးလေးထဲ ထိုးထည့်လိုက်သလိုပင်။ တစ်လက်မလေးတောင် မရွေ့နိုင်ဘဲ သေတော့မယ်လို့ ခံစားနေရသည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now