Chapter - 42 (ဝက်လိုအသင်းဖော်)

7.4K 1.1K 28
                                    

[Zawgyi]

ကျောင်းဆရာဝန်က နဉ်ရှုကိုကြည့်လိုက်ပြီး ပြောင်လက်နေတဲ့ ဆေးခန်းသုံးကပ်ကြေးကို ထုတ်လိုက်တယ်။ ဗုံးထဲက ဝိုင်ယာကြိုးကို တုံ့ဆိုင်းမနေဘဲ သူဖြတ်ချလိုက်ပြီးတဲ့အခါ ရေတွက်နေတဲ့ဂဏန်းတွေရပ်တန့်သွားကာ တဖြည်းဖြည်းမှေးမှိနိပျောက်ကွယ်သွားလေတယ်။

နဉ်ရှု စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ သူမရဲ့နှလုံးသားလေးက နောက်ဆုံးတော့ ရင်ဘတ်ထဲကိုပြန်ရောက်လာပြီ။ အိုက်ယား...မာမားရေ...ဒါကလည်း အရမ်းကြောက်ဖို့ကောင်းတာပဲ။

သူမ ကျောင်းဆရာဝန်နောက်ကနေ ဆက်လိုက်သွားလိုက်တယ်။ ခနကြာတော့ သူမခေါင်းထဲမှာ မေးခွန်းတစ်ခုရုတ်တရက်ပေါ်ပေါက်လာတာကြောင့် သူမမေးလိုက်လေတယ်။

"အမ်း...အန်ကယ်..။ ကျွန်မတို့ ဘာလို့ ဗုံးစနက်တံကို ဖြုတ်ရတာလဲ? ကျွန်မတို့ ပြေးလို့ရတယ်မလား?"

ကျောင်းဆရာဝန်က တုံ့ခနဲရပ်သွားပြီး သူမဘက်ကိုလှည့်ကာ ပြောလာတယ်။

"မင်းနဲ့ပေါင်းလို့ ငါ့IQတွေပါ နိမ့်ကုန်ပြီ။ မင်းက ဝက်လိုအသင်းဖော်ပဲ။"

Tch...ဒီအတွေးကို ရှင်မတွေးမိဘူးလား? နဉ်ရှု အထင်သေးစွာတွေးလိုက်လေတယ်။ ဘယ်လိုပဲဖြစ်ဖြစ်...ဗုံးတစ်လုံးနဲ့ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးတာက ပုံမှန်တုံ့ပြန်မှုပဲ မဟုတ်ဘူးလား?

စင်္ကြံလမ်းမှာ အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက်ဆုံးမှာတော့ သူတို့ အလင်းရောင်ကို တွေ့လိုက်ရလေတယ်။ အဆုံးသတ်ကတော့ သူတို့အပြင်ထွက်လိုက်တဲ့အခါ သေနတ်ပြောင်းဝနှစ်ခုနဲ့ ချိန်ထားခံလိုက်ရတာပဲဖြစ်တယ်။

လင်းရွှယ်နဲ့ မော့လန်ရွှမ်းက တစ်ဖက်တစ်တစ်ချက်မှာ ရပ်နေကြတယ်။ မော့လန်ရွှမ်းက သူ့ရဲ့ပစ္စတိုကို ကျောင်းဆရာဝန်ဆီ ချိန်လိုက်ပြီး မေးလာတယ်။

"မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ?"

လင်းရွှယ်က နဉ်ရှုကိုမြင်တဲ့အခါ သူမရဲ့အကြည့်က ရေခဲလိုအေးစက်သွားတော့တယ်။

"လင်ကျားကျား...နင်တကယ်ကို ပိုပိုပြီးရဲတင်းလာတာပဲ။"

လင်းရွှယ်က နဉ်ရှုရဲ့လက်ထဲမှာ အလွန်အမင်းအရှက်ရမှုနဲ့ သိမ်ငယ်ခြင်းတွေကိုဟခံစားရပြီးပြီဖြစ်တယ်။ သူမက ဒီပုရွက်ဆိတ်ကြောင့် ဒဏ်ရာရခဲ့တယ်။ သူမ နဉ်ရှုရဲ့ ဝိဥာဉ်ကိုဆွဲထုတ်ပြီး အဲ့ဝိဥာဉ်ကို မပြိုကွဲမချင်း နည်းမျိုးစုံနဲ့ရိုက်နှက်နှိပ်စက်ပြီး ဘယ်တော့မှ ပြန်မဝင်စားနိုင်အောင် လုပ်ပစ်ချင်တယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now