Chapter - 20 (ငါကကောင်းလွန်းနေတာ!)

8.8K 1.2K 26
                                    

[Zawgyi]

နဉ်ရှု လင်းရွှယ်ရဲ့ တဖျပ်ဖျပ်လက်နေသည့် အကြည့်တို့ကို စောင့်ကြည့်နေခဲ့သည်။ သူမဟာ လူသတ်လိုစိတ်ပြင်းထန်တဲ့အော်ရာတွေ ၊ အထက်စီးဆန်တဲ့အော်ရာတွေကို စက္ကန့်မလပ် ပြောင်းလဲထုတ်လွှတ်နေလေသည်။ လင်းရွှယ်တွေးနေတဲ့အတွေးက အော်ရာများစွာကို ထုတ်လွှတ်နေစေခဲ့တယ်ဆိုတာ နဉ်ရှုမသိပေ။

နဉ်ရှု အနည်းငယ်ရှက်သွားသလိုမျိုးလုပ်လိုက်ပြီး ပြောလေသည်။

"ငါလက်ဆောင်ပေးဖို့ မတတ်နိုင်လို့ မသွားချင်ဘူး။"

နဉ်ရှု အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ လူတွေရဲ့အာရုံစိုက်မှုကို ရထားတဲ့ လျန်အော့လိုလူမျိုးအတွက် သူ့မွေးနေ့မှာရတဲ့လက်ဆောင်တွေဟာ အင်မတန်ဈေးကြီးကာ လူအများစုအတွက်တော့ သူတို့တစ်ဘဝလုံး စုဆောင်းရင်တောင်မှ ပစ္စည်းတစ်ခုရဲ့တန်ကြေးရဖို့ တတ်နိုင်မည်မဟုတ်ပေ။

ကျေနပ်သွားတဲ့အရိပ်အယောင်ဟာ လင်းရွှယ်ရဲ့ မျက်လုံးထဲမှာ ဖြတ်ပြေးသွားလေသည်။

"နင် လက်ဆောင်ဝယ်ပေးဖို့ မလိုဘူးလို့ လျန်အော့ပြောခဲ့တယ်မလား?"

လျင်မြန်သော အတွေးတစ်စက နဉ်ရှုရဲ့ခေါင်းထဲမှာ ပေါ်လာသည်။ လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ အရမ်းကြီးဂရုစိုက်နေပြီဆိုရင် ဒီလူက သစ္စာဖောက်မဟုတ်ရင် သူခိုးပဲဖြစ်ရမယ်။ မာနာကြီးလွန်းတဲ့ အမျိုးသမီးဇာတ်လိုက်samaက သူမနဲ့တကယ်ကြီး အပြင်ထွက်ချင်နေတယ်? ဒီနည်းလမ်းက သောက်ရမ်းမသင်္ကာစရာကောင်းတာပဲ။

လင်းရွှယ်ရဲ့ အားကောင်းလှတဲ့ ဖိအားရဲ့တိုက်ခိုက်မှုအောက်မှာ သူမအတွက် ရွေးချယ်စရာတစ်ခုလေးတောင်မရှိတော့မှန်း နဉ်ရှုသိရှိသွားလေသည်။ သူမ သဘောတူမိတော့မည့်ဆဲဆဲမှာပင် ချက်ချင်းပင် ပြောင်းလဲလိုက်လေသည်။

"ငါက ဘာကိစ္စနင်နဲ့သွားရမှာလဲ!? ငါသွားချင်ရင် ငါ့ဘာသာသွားမှာပေါ့...ကျစ်!"

သူမရဲ့လေသံဟာ အထင်သေးစက်ဆုပ်မှုတို့ဖြင့် ပြည့်နေပေသည်။ နဉ်ရှုဟာ မူလခန္ဓာပိုင်ရှင်က လင်းရွှယ်အပေါ် ဆက်ဆံတဲ့ပုံစံကို အတုခိုးနေတာဖြစ်လေသည်။ စောစောကတော့ သူမသဘောတူလိုက်မလို့ပေမယ့် မူလခန္ဓာပိုင်ရှင်က လင်းရွှယ်ကို အလွန်အမင်းမုန်းတီးနေလေရာ သူမအနေနဲ့ ပါတီကို လင်းရွှယ်နဲ့အတူတူသွားရန် မဖြစ်နိုင်ပေ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now