Chapter - 44

7.4K 1.1K 36
                                    

[Zawgyi]

<ငါတစ်ယောက်တည်းပဲမဟုတ်ဘူးလား?>

လင်းရွှယ် ရူးတော့မလိုဖြစ်သွားတယ်။ ဒီခေါင်းမာတဲ့ကောင်နဲ့ ပုံမှန်အတိုင်း ညှိနှိုင်းပြောဆိုဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးပဲ။ သူမပြောနိုင်တာကတော့....

"အားလုံးပဲ။ သေနတ်တွေ လွှင့်ပစ်လိုက်ကြပါ။ ရှင်...ရှင်လည်း ဗုံးကို ဝေးဝေးကိုလွှင့်ပစ်လိုက်။"

"မင်းတို့သေနတ်တွေကို အရင်ဆုံးလွှင့်လိုက်။"

ကျောင်းဆရာဝန်က အလောတကြီးဖြစ်နေခြင်းမရှိဘဲ အေးဆေးစွာပြောလေတယ်။

ရက်စက်တဲ့လူတွေတောင် သူတို့အသက်ကို အရေးမစိုက်တဲ့လူနဲ့တွေ့တဲ့အခါ ကြောက်ကြတယ်။ မော့လန်ရွှမ်းက မြေအောက်လောက,က လူအတော်များများနဲ့ ဆက်ဆံဖူးပေမယ့် ဒီလိုလူမျိုးကိုတော့ မတွေ့ဖူးပေ။ သူ့ဦးနှောက်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာဖြစ်ရမယ်။

မော့လန်ရွှ်းက နဉ်ရှုကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်တယ်။

"ငါတို့ အတူတူလွှင့်ပစ်ကြမယ်။"

အခုအခြေအနေက အတော်လေးထူးဆန်းနေတယ်။ နဉ်ရှုက သေနတ်ကိုပစ်လိုက်ပြီး မြေပေါ်ဝပ်ချလိုက်တယ်။ ကျည်ဆံတစ်တောင့်က သူမရဲ့ဆံပင်တွေနားကနေ ကပ်သီးလေးဖြတ်သန်းသွားတယ်။

ချီးပဲ! သူက တကယ်ကြီးချောင်းပစ်ချင်နေတာပေါ့လေ! နဉ်ရှု စိတ်ထဲကနေ ကြိတ်ပြီးကျိန်ဆဲလိုက်တယ်။ မော့လန်ရွှမ်းက သူ့သေနတ်ကို မလွှင့်ပစ်ခင်မှာ နဉ်ရှုကို တစ်ချက်ပစ်လိုက်သေးတယ်။ သူမ မြန်မြန်ငုံ့လိုက်လို့သာမဟုတ်ရင် ကျည်ဆံမှန်နေပြီ။

"မင်းက ကောက်ကျစ်တာပဲ။"

ကျောင်းဆရာဝန်က မော့လန်ရွှမ်းကို ကြည့်လိုက်တယ်။ ခွဲစိတ်ဓားငယ်လေးက လင်းရွှယ်ရဲ့ ခါးအရေပြားကိုဖြတ်ပြီး တိုးဝင်သွားတယ်။

အေးစက်တဲ့ တစ်စုံတစ်ရာက သူမကိုယ်ထဲကို ဝင်လာတယ်လို့ခံစားမိပြီး လင်းရွှယ် နာလို့ ညည်းညူ လိုက်မိတယ်။ ဒီလူက တကယ်ကိုရူးနေတာပဲ။

"မင်း ဗုံးကို ပစ်လိုက်သင့်ပြီမလား?"

မော့လန်ရွှမ်းရဲ့စိတ်အခြေအနေက အတော်လေးဆိုးနေပြီဖြစ်တယ်။ သူလင်းရွှယ်နဲ့ pa pa paနေတုန်းက အခန်းထဲမှာ တစ်ယောက်ယောက်ရှိတယ်လို့ ခံစားမိတာကြောင့် လျှို့ဝှက်လမ်းထဲကို ဝင်သွားပြီး စင်္ကြံလမ်းကိုဖြိုချဖို့ ဗုံးတစ်လုံးထားခဲ့တာ။ ဒီလိုလုပ်ရတာ ပျော်စရာကောင်းပေမယ့် အခုအခြေအနေကတော့ ပျော်စရာကောင်းမနေဘူး။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now