Chapter - 38

7K 1.1K 4
                                    

[Zawgyi]

နဉ်ရှုဟာ ကပွဲခန်းမရဲ့နောက်က အခန်းတစ်ခန်းထဲကို ခေါ်သွားခံလိုက်ရလေတယ်။ လျန်အော့က တံခါးကိုဆွဲဖွင့်ပြီး သူမကို အခန်းထဲတွန်းလွှတ်လိုက်တယ်။ အထဲမှာ လင်းရွှယ်ရှိနေလေတယ်။ သူမက ဆိုဖာပေါ်မှာ ကျက်သရေရှိစွာထိုင်နေပြီး သူတို့ဝင်လာတဲ့အခါ နဉ်ရှုကို ကြည့်လာတယ်။

အခန်းထဲမှာ နောက်ထပ်လူနှစ်ယောက်လည်းရှိသေးတယ်။ မင်းသားသုံးယောက်ထဲက နောက်ထပ်နှစ်ယောက်ပဲဖြစ်တယ်။ နဉ်ရှုမှာ ဒီမင်းသားနှစ်ယောက်နဲ့ပတ်သက်ပြီး ဘာထင်မြင်ချက်မှ မရှိပေ။ အခုတော့ သူတို့က လင်းရွှယ်ရဲ့ ဘယ်ညာတစ်ဖက်စီမှာထိုနေကြပြီး ဒီလိုပုံစံနဲ့ လင်းရွှယ်က ဘုရင်မတစ်ပါးနဲ့တူနေလေတယ်။

နဉ်ရှု မြေပေါ်ကို ပစ်လဲသွားတယ်။ သူမအမြန်ထရပ်လိုက်ပြီး သူမကိုယ်ပေါ်က ဖုန်တွေကိုခါလိုက်တယ်။ အမှန်တော့ ဘာဖုန်မှ မရှိဘူး။ သူမရဲ့ရည်ရွယ်ချက်က အဝတ်နဲ့ဖုံးထားတဲ့ သေနတ်ကိုထိဖို့ပဲ။ သေနတ်ကို ထိပြီးတဲ့အခါမှာ သူမပိုပြီးတည်ငြိမ်လာတယ်။

လင်းရွှယ်က လျန်အော့ကို ပြုံးပြပြီး ပြောလိုက်တယ်။

"အပြင်ထွက်ပေးပါ။ တို့ သူနဲ့စကားပြောချင်တယ်။"

လင်းရွှယ်ဘေးနားက မင်းသားနှစ်ယောက် ထရပ်လိုက်တယ်။ နဉ်ရှု သူတို့ကို အကဲခတ်လိုက်တဲ့အခါ သူတို့က ပျော်စရာတစ်ခုခုကို ကြုံနေရသလို မိန်းမောနေတာကို တွေ့လိုက်ရတယ်။

ဒီပုံစံကို သူမအရမ်းရင်းနှီးနေတယ်။ လင်းရွှယ်လုပ်ခဲ့တဲ့ လမ်းကြားထဲကလူကို နဉ်ရှုသတိရသွားတယ်။ သူတို့ကိုလည်း လင်းရွှယ်တစ်ခုခု လုပ်ခဲ့တာလား?

လျန်အော့က နဉ်ရှုကို သတိပေးတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်တယ်။

"လင်းရွှယ်ကို မထိခိုက်စေတာပိုကောင်းမယ်။ မဟုတ်လို့ကတော့ မင်းဆိုးဆိုးဝါးဝါးသေစေရမယ်။ ငါ့လုပ်နိုင်စွမ်းကို သံသယမဝင်နဲ့။"

နဉ်ရှု တကယ်ကို ဒီအရူးကောင်ရဲ့ မျက်နှာပေါ် သွေးတစ်လုပ်အန်ချချင်မိသွားတယ်။ သူမက လင်းရွှယ်ကို ဘာလုပ်နိုင်မှာတုန်း? အခုမေးရမှာက လင်းရွှယ်က သူမကို ဘာလုပ်မလို့လဲဆိုတာပဲ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now