Chapter - 37 (ငါကဖြောင့်မတ်လွန်းနေတာ)

7.3K 1K 14
                                    

[Zawgyi]

နောက်ဆုံးမှာတော့ နဉ်ရှုဟာ စောစောက ကိစ္စအတွက် အန်းရုန်ကို သတိပေးဖို့ ဆုံးဖြတ်လိုက်လေတယ်။

"နင် လင်းရွှယ်ကို သတိထားသင့်တယ်။ သူမက သဲလွန်စမကျန်စေဘဲ လူသတ်နိုင်တယ်။"

နဉ်ရှုက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးမှ အန်းရုန်နားကပ်ကာ တီးတိုးပြောလိုက်တယ်။

"လင်းရွှယ်က လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ငါကြားခဲ့တယ်။ သူမမှာ လက်အောက်ငယ်သားတွေ အများကြီးရှိတယ်။"

"စကားပြောမှာဆို စကားပဲပြောလေ။ ဘာလို့ အရမ်းကြီးကပ်လာရတာတုန်း နိမ့်ကျတဲ့မိန်းမရဲ့။"

အန်းရုန်က လှောင်လိုက်တယ်။

"လင်းရွှယ်က လူဆိုးဂိုဏ်းခေါင်းဆောင်? သူမက အဲ့ပုံစံနဲ့တူလို့လား?"

လူဆိုးဂိုဏ်းထဲက လူတွေက ခွန်အားကြီးပြီး သန်မာရမယ်။ ကျက်သရေရှိပြီး မလှပရဘူးလို့ ဘယ်သူပြောတုန်း? ထပ်ပြောဖို့ နဉ်ရှု အရမ်းပျင်းနေလေတယ်။ သူမ သတိပေးပြီးပြီပဲ။ နားထောင်တာ မထောင်တာကတော့ သူ့အပိုင်းပဲ။

အန်းရုန်က သူမကိုနိမ့်ကျတဲ့သူလို့ ဆက်ခေါ်နေတာကြောင့် မူလခန္ဓာပိုင်ရှင်ရဲ့ ဆန္ဒတွေကို ပြန်ကြည့်လိုက်ပြီး လမိုက်ညတစ်ညကျရင် အန်းရုန်ရဲ့ခေါင်းကိုဆွဲပြီး ကြောက်ချေးပါအောင် ရိုက်ပစ်မယ်လို့ သူမဆုံးဖြတ်လိုက်လေတယ်။

ဒီကောင်မလေး စကားပြောတဲ့ပုံက စိတ်တိုချင်စရာကြီး။

နဉ်ရှု ဆက်စားနေပြီး မကြာခင်မှာပဲ ပြောင်လက်နေတဲ့ အနက်ရောင်ရှူးဖိနပ်တစ်စုံက သူမရှေ့မှာ လာရပ်တာကို တွေ့လိုက်ရတယ်။ သူမမော့ကြည့်လိုက်တော့ ခံ့ညားတဲ့ရောင်ဝါတွေနဲ့ အရူးမင်းသားကို မြင်လိုက်ရလေတယ်။

လျန်အော့က နဉ်ရှုကို ကြည့်လိုက်တယ်။ သစ်သီးဖျော်ရည်တွေက သူမရဲ့ပါးစပ်ထောင့်ကနေ စီးကျလာတာကို သူသတိထားမိသွားတဲ့အခါ ရွံရှာတဲ့အရိပ်တစ်ချို့ သူ့မျက်လုံးတွေထဲကနေ ထွက်ပေါ်လာတယ်။ လင်းရွှယ်က ဒီလိုလူမျိုးကို ဘာကြောင့်အရမ်းဂရုစိုက်နေရတာလဲဆိုတာ သူနားမလည်တော့ဘူး။ သူမကို ခနလောက်ကြည့်ရုံလေးကတင် သူ့မျက်လုံးကို ညစ်ပတ်ပြီးနာကျင်စေတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now