Chapter - 7 (အပြစ်တင်ခံရခြင်း)

9.4K 1.3K 16
                                    

[Zawgyi]

နဉ်ရှုဟာ ဆရာဝန်ဖြစ်သူရဲ့ ထောင်လွှားမှုနဲ့ သူသာအမှန်ယူဆနေမှုကို ပြောစရာစကားမရှိတော့ပေ။

ဖြစ်သလိုစည်းပေးထားသော နဖူးစည်းပတ်တီးနှင့် သူမထွက်လာခဲ့သည်။ ထိုအရာက ဆရာဝန်ရဲ့ စိတ်ဝင်စားမှုကို ရရှိသွားပြီး သူမရဲ့ပုံရိပ်လေး သူ့မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေတော့သည်။

နဉ်ရှုသည် မူလပိုင်ရှင်၏ မှတ်ဥာဏ်အတိုင်း စာသင်ခန်းရှိရာဘက်ထွက်လာခဲ့သည်။ အမှန်တော့ စာသင်ခန်းကိုမြင်ရဖို့ သူမအလွန်စိတ်လှုပ်ရှားနေလေသည်။ သူမအသက် ဆယ့်ငါးနှစ်တည်းက ဆေးရုံတက်နေရသဖြင့် သူမစာသင်ခန်းသွားရန်အတွက် အခွင့်အရေးမရခဲ့ပေ။ သို့သော်လည်း သူမသွားမည့်လမ်း၌ မျက်မှန်တပ်ထားသော ဆရာမတစ်ယောက်က ပိတ်ရပ်နေသည်ကို နဉ်ရှုတွေ့လိုက်ရသောအခါတွင် အနှီစိတ်လှုပ်ရှားမှုလေးသည် ပျောက်ကွယ်သွားတော့သည်။

"လင်ကျားကျား! နင်ကအတန်းချိန်တွေက ကျော်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ကျမှလာတာကြောင့် နင်ဒီအချိန်ကို တက်စရာမလိုတော့ဘူး။ တံခါးမှာပဲ ရပ်နေ။"

မစ္စလျောင်က နူးညံ့စွာပြောနေသော်လည်း သူမ၏အကြည့်များက အထင်သေးနေပုံပေါ်လေသည်။

"တစ်ခြားသူတွေ စာသင်နေတာကို မနှောင့်ယှက်နဲ့။"

နဉ်ရှု စိတ်ညစ်သွားသည်။ သို့သော်လည်း သူမမှာ ခုခံနိုင်စွမ်းမရှိတာကို သိရှိလေတာကြောင့် တံခါးမှာပဲ လိမ်လိမ်မာမာရပ်နေလိုက်သည်။ မစ္စလျောင်က မကျေမနပ်ဖြင့် အသံတစ်ချက်ပြုလေသည်။ သူမသည် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆရာတစ်ယောက်၏ပုံစံနှင့် လုံးဝမတူချေ။

Aceသည် တော်ဝင်ကျောင်းတစ်ကျောင်းဖြစ်သဖြင့် ကျောင်းရှိဆရာများ၏ အဆင့်အတန်းသည် ကျောင်းသားများနှင့် အတူတူပင်ဖြစ်သည်။ ထို့အပြင် ကျောင်းသားများသည် ဆရာများ အမှားလုပ်၍ရနိုင်သူများ မဟုတ်ပေ။

လက်ရှိအချိန်တွင် လင်ကျားကျားသည် Aceမှာရှိသည့် လူတိုင်းက ငေါက်ငမ်းနိုင်သည့် တစ်ယောက်သောသူဖြစ်လေရာ မစ္စလျောင်သည်လည်း ရေနစ်သူဝါးကူထိုးသည့်အထဲ ဝင်ပါတော့သည်။ ထိုကဲ့သို့လုပ်ခြင်းအားဖြင့် ကျောင်း၏နတ်ဘုရားသုံးပါးထံမှ မျက်နှာသာရနိုင်လေသည်။ လင်ကျားကျား၏ မှတ်ဥာဏ်များအရ တစ်ကျောင်းလုံးက လင်းရွှယ်ကို အနိုင်ကျင့်စဉ်အခါက မစ္စလျောင်သည် လင်းရွှယ်ကို အကြိမ်တိုင်းခက်ခဲအောင်ပြုလုပ်ခဲ့သူဖြစ်သည်။ သို့သော်လည်း လင်းရွှယ်က သူမ၏အခြေအနေကို ပြောင်းပြန်လှန်လိုက်သောာခါ မစ္စလျောင်သည် သူမ၏သဘောထားကို ချက်ချင်းပြောင်းလဲကာ လင်းရွှယ်အား မျက်နှာလိုမျက်နှာရလုပ်တော့သည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin