Chapter - 45

7.2K 1.1K 32
                                    

[Zawgyi]

(အကုန်သိတဲ့ဥာဏ်ကြီးရှင်)

မော့လန်ရွှမ်းက သူ့ဖုန်းကိုထုတ်လိုက်ပြီး ငယ်သားတွေကို ခေါ်လိုက်တယ်။ ပြီးတော့ သူက နဉ်ရှုနဲ့ ကျောင်းဆရာဝန်ကို ကြည့်လိုက်တယ်။ သူ့ရဲ့အေးစက်စက်မျက်လုံးတွေက မင်းတို့ကောင်တွေ သေနေ့စေ့ပြီလို့ပြောနေသလိုပင်။

လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့အကြည့်က ပေါ့သေးသေးတော့မဟုတ်ဘူး။ ခနလေးအတွင်းမှာပဲ ဒီအကြည့်တွေကြောင့် နဉ်ရှု ဒူးတွေပျော့ခွေသွားသလိုခံစားလိုက်ရတယ်။ ပြီးတော့ လင်းရွှယ်ရဲ့လည်ပင်းကို အခုထိကိုင်ထားပြီး လွှတ်ပေးဖို့ ငြင်းဆန်နေသေးတဲ့ ကျောင်းဆရာဝန်ကို ကြည့်လိုက်တယ်။

"အန်ကယ်။ ကျွန်မတို့ ဘာလုပ်ကြမလဲ?"

နဉ်ရှု မေးလိုက်တယ်။

"ပြေးတာ အကောင်းဆုံးပဲ။ သူ့လူတွေအကုန်လုံးရောက်လာရင် ကျွန်မတို့ပြေးလို့မရတော့ဘူး။"

ကျောင်းဆရာဝန်က ခေါင်းငြိမ့်ပြကာ လင်းရွှယ်ကို ဆွဲပြီးပြေးရန်ပြင်သော်လည်း မော့လန်ရွှမ်းက သူ့ကိုအမှီလိုက်ကာ လင်းရွှယ်ကိုပြန်ဆွဲလိုက်တယ်။ ပြီးတော့ လူနှစ်ယောက်ဟာ လင်းရွှယ်ကို လွန်ဆွဲပွဲကျင်းပျနသလို လုကြတာကြောင့် လင်းရွှယ်ရဲ့ကျောမှာ ကျောင်းဆရာဝန်ထောက်ထားတဲ့ဓားက ပိုပိုပြီး အထဲကိုနစ်ဝင်သွားတော့တယ်။

မြေပေါ်ကို ကျနေတဲ့သွေးတွေကို နဉ်ရှု မျက်လုံးအပြူးသားနှင့် ကြည့်နေလေတယ်။ လင်းရွှယ်ရဲ့ နာကျင်ဖြူ ဖျော့နေတဲ့မျက်နှာကို မြင်တဲ့အခါ ရယ်ရမလား၊ ငိုရမလားတောင် သူမ မသိတော့ချေ။

သိပ်မကြာလိုက်...သူမ ဆူညံသံတွေကြားလိုက်ရတယ်။ မော့လန်ရွှမ်းရဲ့ လူတွေဖြစ်ရမယ်။ သူမ ကျောင်းဆရာဝန်ကို အမြန်ဆွဲပြီး ပြောလိုက်တယ်။

"အရင်ဆုံး ပြေးတာကောင်းမယ်..အန်ကယ်။ သူ့လူတွေ ရောက်လာပြီ။"

ကျောင်းဆရာဝန်က လင်းရွှယ်ကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ပြီး သေနတ်ကို အမြန်ထုတ်ကာ လင်းရွှယ်ကို ပစ်လိုက်လေတယ်။ ပြီးတော့ နဉ်ရှုကိုဆွဲပြီး ပြေးတော့တယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now