Extra Part - 1

8.8K 839 81
                                    

Extra လေးနဲ့ ပြန်ပေါ်လာခဲ့ပါပြီ 😆❤

      •••••••••••••••••••••••••••••••••••••••

* Vibrate *

ဂျွန်ဟော့နဲ့ အလုပ်ကိစ္စစကားပြောနေရင်း ဖုန်းဆီကတုန်ခါသံကြောင့် Sehun လှမ်းကြည့်လိုက်မိသည် ။ contact မှာပေါ်နေတာက ကျောင်းအုပ်ကြီး တဲ့ ။ Sehun ရဲ့ မျက်ခုံးတွေပင့်သွားရသည် ။ ကျောင်းအုပ်ကိုယ်တိုင်ဖုန်းဆက်တာဆိုတော့ သေချာပေါက် ဟိုကလေးတစ်ခုခုဖြစ်နေပြီပဲ ။

ဖုန်းကိုအမြန်ကိုင်လိုက်တာ ဂျွန်ဟော့ကိုလဲ သွားလို့ရပြီဖြစ်ကြောင်း အမူအရာနဲ့လုပ်ပြလိုက်သည် ။

" ဟုတ်ကဲ့ ဆရာ "

" ..... "

" ဗျာ ... ဟုတ် ကျွန်တော်အခုလာခဲ့ပါ့မယ် "

ဖုန်းချပြီးတာနဲ့ တိုင်မှာချိတ်ထားတဲ့ အနွေးကုတ်ရှည်ကို လွှားကာဝတ်လိုက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်အပြင် ကားသော့ကိုပါ ခပ်မြန်မြန်ယူလိုက်ရင်း အခန်းထဲကထွက်ရတော့၏ ။

ဆေးရုံကဆင်းပြီး နေအရှင်းကောင်းပြီဆိုတာနဲ့ ကလေးက သူ့အမေအိမ်ပြန်သွားသည် ။ နောက်ပြီး ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းနားထားတဲ့ ကလေးကို ကျောင်းပြန်တက်စေချင်တဲ့စိတ်ကြောင့် Sehun ကျောင်းထားပေးထားသည် ။

ကျောင်းထားပေးတာက အဓိကမဟုတ်ဘူး ။ အဓိကဖြစ်နေတာက ၃ရက်ခြားတစ်ခါလောက် ကျောင်းအုပ်ဆီက အပင့်ခံနေရတာပဲဖြစ်သည် ။ တော်ကြာနေ ရန်ဖြစ်လို့ ၊ တော်ကြာနေ ကျောင်းလစ်လို့ ၊ တော်ကြာနေ အတန်းပြေးပြီး ဘောလုံးသွားကန်လို့ နဲ့ ထောင်သောင်းမကတဲ့ အကြောင်းပြချက်တွေနဲ့ Sehun မှာ ကျောင်းအုပ်ဆီရောက်တာ တစ်ခါ နှစ်ခါမကတော့ ။

" ကိုကို .... "

ကျောင်းအုပ်အခန်းထဲဝင်လိုက်တာနဲ့ အချွှဲလေးက Sehun ရင်ခွင်ထဲတန်းဝင်လာသည် ။ အလိုက်သင့်ပဲ Sehun ပြန်ဖက်ထားလိုက်ပေမဲ့ နှုတ်ခမ်းထောင့်က သွေးစို့နေတဲ့ ဒဏ်ရာသေးသေးလေးကိုတွေ့တော့ Sehun နှုတ်ခမ်းတွေတင်းတင်းစေ့သွားသည် ။

" ပြစမ်း ! ဒါဘယ်သူလုပ်လိုက်တာလဲ "

Luhan က တစ်ဖက်အဖွဲ့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသော လူတစ်ယောက်ကိုလက်ညိုးထိုးပြလာသည် ။
Sehun ရဲ့ အကြည့်တွေဟာ ထိုကောင်လေးဆီကို စူးခနဲရောက်သွားပြီး မျက်နှာထားကလဲတင်းကာ အကြည့်တွေကအေးစက်သွားသည် ။ မသိလျှင် အခုပဲသူ့ဖြစ်တည်မှုကို အမှုန့်အဖြစ်ပြောင်းသွားအောင် လုပ်တော့မလို ။

Sugar Daddy Where stories live. Discover now