Part - 12

18.4K 1.7K 310
                                    

" daddy ... ကျွန်တော် ကားမောင်းသင်ချင်တယ် "

လွန်ခဲ့တဲ့တစ်ပတ်က လူကိုချွှဲလို့ ပူဆာခဲ့သော ကလေးပါပေ ။ Sehun အနည်းငယ်တော့ စဉ်းစားလိုက်သည် ။ Luhan က မကြာခင် ၁၈နှစ်ပြည့်တော့မည် ။ အသက်ပြည့်တော့မည့် ယောက်ျားလေးတစ်ယောက်အတွက် ကားမောင်းသင်ချင်တာ မဆန်းပါဘူး ။

ကျောင်းလည်း ပြန်တက်ရတော့မည်မို့ ကားမောင်းတတ်စေချင်သည် ။ ကိုယ်က လိုက်ပို့ပေးမည်ဆိုပေမဲ့လည်း တစ်ခါတစ်လေတော့ သူငယ်ချင်းတွေကြား မျက်နှာမငယ်ရအောင် ဟန်ပြဖြစ်ဖြစ် မောင်းစေချင်သည် ။ ကားတစ်စီးလောက် ရှိထားစေချင်သည် ။ ဒါကြောင့် Ok , Call ပေါ့ ။

ကလေးအတွက် Sehun ကားတစ်စီးဝယ်ပေးဖြစ်သည် ။

အစတည်းက ကားတစ်စီးလောက်ဝယ်ပေးထားဖို့ စဉ်းစားထားပေမဲ့ တစ်ခုခုဆို သူ့အမေထက် စိတ်ပူပြီး အဖြစ်သည်းတဲ့ ကိုယ့်စိတ်ကို ကိုယ်အသိဆုံးမို့ ထပ်စဉ်းစားဦးမယ်ဆိုပြီး Sehun အချိန်ဆွဲနေခဲ့တာ ။

ကားဝယ်ပေးပြီးသည့်နေ့ကတည်းက ညနေဘက်တိုင်း ကားမောင်းသင်ပေးဖြစ်လို့ အခုများဆို ဒီကောင်လေးတစ်ယောက်ကတော့ မြောက်ကြွကြွနဲ့ တော်တော်တောင် မောင်းတတ်နေပြီ ။

ကားမဝယ်ပေးထားတုန်းကလဲ သူ့ဆီတစ်ယောက်တည်းလာရတဲ့ ကလေးကို တစ်မျိုးစိတ်ပူရပြီး . . အခုလို ကားဝယ်ပေးဖြစ်တော့လဲ လမ်းမှာတစ်ခုခုဖြစ်မှာ စိတ်ပူရသေးသည် ။

ဟိုကလေးကို စိတ်ပူရလွန်းလို့ ပြောမိတော့လဲ သူကရယ်တယ် ။ ပြီးတော့ လူကို အရွဲ့တိုက်သလား အောက်မေ့ရအောင်

>> daddy ... ကျွန်တော် အခုတိုက်ခန်းပေါ်က ဆင်းနေပြီ <<

>> ကျွန်တော်အခု ကားတံခါးဖွင့်နေတာ <<

>> အခုကားစမောင်းတော့မယ် နော် <<

>> ကျွန်တော်အခု မီးပွိုင့်မိနေတာ <<

>> ကျွန်တော် ကုမ္ပဏီအောက်ရောက်ပြီ .. daddy စိတ်မပူနဲ့တော့ နော် <<

ဟော့သလို ဟော့သလို လည်း ၅မိနစ်ခြား ၁၀မိနစ်ခြား ဖုန်းဆက်ပြီး ပြောသေးတာ ။ ရယ်ရအခက် ငိုရအခက်ပါပဲ ။

Sugar Daddy Nơi câu chuyện tồn tại. Hãy khám phá bây giờ