Part - 4

28.5K 2.1K 306
                                    

🚨 Warning Warning Waring 🚨

သုံးခေါက်ပေးပါတယ်နော် ။ ဒါနဲ့ ... warning ၃ခေါက်ပေးလို့ ၃ချီလို့တော့ မထင်စေလို 😌😝

************

" အင်းးးးး "

အိပ်ရာပေါ်မှာ မထသေးဘဲ သံရှည်ဆွဲလျက် Luhan အပျင်းကြောဆန့်လိုက်သည် ။ အခုအချိန်ထိ အိပ်ခဲ့ရတဲ့ နေ့ရက်တွေထဲ ဒီနေ့က အနွေးထွေးဆုံးနဲ့ သက်တောင့်သက်သာ အဖြစ်ဆုံးနေ့ဟု ထင်ပါသည် ။

ဒီလိုခံစားစေမိတာရဲ့ အဓိက အကြောင်းအရင်းကတော့ daddy ကြောင့်ပင် ။ daddy သာ မကူညီရင် ခိုက်ခိုက်တုန်အောင်ချမ်းလွန်းတဲ့ ဆောင်းတွင်းမှာ အရင်လို သူတို့သားအမိ အအေးဒဏ်ကိုခံစားနေရဦးမှာ ဖြစ်ပြီး နိုးထလာရတဲ့ မနက်ခင်းတိုင်းလဲ ညောင်းညာကိုက်ခဲတာတွေ ဖြစ်နေရဦးမှာ ။

တစ်နေ့မှာ အကြိမ်တစ်ရာလောက် Luhan စဉ်းစားမိတာရှိသည် ။ ဘာလို့များ daddy က သူ့ကိုဒီလောက်အထိ ပေးကမ်းရတာလဲ ။ သူ့ခန္ဓာကိုယ်ကို လိုချင်ရုံနဲ့တော့ ဒီလောက်အထိ ပေးဆပ်မယ်မထင်ဘူး ။

တကယ်လို့ daddy သာ Luhan ကိုလိုချင်ရင် ခွင့်တောင်းစရာပင်မလို သဘောတူညီမှုလုပ်စရာပင်မလိုဘဲ အတင်းအကြပ်လုပ်လို့ရသည် ။ သို့ပေမဲ့ daddy က Luhan တောင်းဆိုထားတဲ့ အချက်ကို လိုက်နာပေးသည် ။

ဘာလို့လဲ ????

ဒီမေးခွန်းသည် Luhan အမေးချင်ဆုံးနဲ့ အသိချင်ဆုံး အဖြေတစ်ခုဖြစ်သည် ။

မိုးလင်းတာနဲ့ ခေါင်းထဲရောက်လာသည်က daddy အကြောင်းဖြစ်နေသည် ။ Luhan ခေါင်းခါယမ်းလိုက်ရင်း ရယ်ဖြစ်သည် ။ daddy ကသာ Luhan့ ကြောင့် အကျင့်တွေ ပျက်တော့မှာပဲလို့ ပြောနေတာ ။ တကယ်က သူကသာ daddy ကြောင့် အကျင့်တွေပျက်တော့မှာ ။

အရင်ဆို မနက်ထတာနဲ့ တစ်နေကုန် အချိန်ပိုင်းအလုပ်တွေအတွက် တွေးမိလိုက်ရင်ကို မနက်စောစော စိတ်တွေလန်းဆန်းမနေဘဲ စိတ်ညည်းညူရတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာ ။ အခုများတော့ အိစက်နေတဲ့ မွေ့ရာထက်ကနေလဲ နိုးထရပြီး နွေးလွန်းတဲ့ စောင်ပုံကြားထဲလဲ ဝင်ကွေးနေသေးတာ ။

Daddy ရေ ... ဘယ်သူက ပိုပြီးအကျင့်ပျက်နေတယ်ထင်လဲဗျာ .... ?

ဘေးစားပွဲပေါ်တင်ထားတဲ့ ဖုန်းမြည်သံက Luhan အတွေးတို့ကို ပျက်သွားစေသည် ။

Sugar Daddy Where stories live. Discover now