Part - 8

22.2K 1.6K 153
                                    

Daddy က မနက်အစောအစည်းအဝေးရှိတာကြောင့် Luhan ကို လာမတွေ့နိုင်တာကြောင့် daddy အံ့ဩသွားအောင် company ကို လာခဲ့သည် ။

" အာ .. တောင်းပန်ပါတယ် .. ကျွန်တော်အရေးကြီးနေလို့ပါ "

Company အဝင်ဝမှာ အရေးကြီးလာပုံရတဲ့ အကိုကြီးတစ်ယောက်က ပြေးလာရင်း Luhan ကို ဝင်တိုက်မိတာကြောင့် daddy အတွက် အလာတုန်းက ဝယ်လာခဲ့တဲ့ ကော်ဖီဘူးလေးက အောက်မှာလှလှပပလေး ကျသွားခဲ့ရသည် ။

" ရပါတယ် ။ မတော်တဆပဲကို "

သူ့အင်္ကျီပေါ်တွင်ပါ အနည်းငယ်ဖိတ်သွားတာမို့ Luhan သန့်စင်ခန်းဆီ အရင်ဝင်လာခဲ့သည် ။

" ဒါဆို CEO ခရီးသွားတဲ့အခါ အဲ့ဒီ MD မမချောချောရော ပါမှပေါ့ "

" ဒီနေ့အစည်းအဝေးအရတော့ အဲ့လိုဖြစ်သွားတာပဲ "

" ကံကောင်းလိုက်တာနော် သူများတွေဘဝကျတော့လဲ .. CEO က အသက်ကလဲအရွယ်တင်သေးတယ် ချောကလဲချော ပိုက်ဆံကလဲရှိဆိုတော့ ကပ်ချင်တဲ့သူတွေက ရေလိုလျှံနေတာပဲ . . "

" အဲ့တာပြောတာပေါ့ .. ငါ့အထင်တော့ ဟိုဘက် company က အဲ့ဒီတစ်ယောက်က CEO ကို ကပ်ချင်နေတာထင်တယ် ။ မနက်ကလဲ တချိန်လုံး တောက်တဲ့လိုပဲ ခွာကို မခွာတော့ဘူး .. အစည်းအဝေးလာလုပ်တာလား CEO ကို လာတွေ့တာလား မသဲကွဲဘူး "

ဘေစင်မှာ လက်ဆေးနေရင်း ကောင်လေးနှစ်ယောက်စကားကို တမင်နားထောင်တာမဟုတ်လည်းပဲ Luhan ကြားနေရသည် ။ ပေသွားသော အပေါ်ဝတ်အင်္ကျီကို ရေနဲ့သပ်ချရင်း တစ်ရှူးနဲ့သုတ်လိုက်သည်အထိ ထိုလူတွေက စကားအပြောမရပ်သေးပါ ။

ဓာတ်လှေကား ခလုတ်ကို အပေါ်ထပ်သို့ နှိပ်လိုက်ရင်း Luhan ရပ်စောင့်နေလိုက်သည် ။ မကြာပါ တံခါးပွင့်လာပြီးနောက် ထိုအထဲတွင် daddy နှင့် မမချောချောတစ်ယောက်က စာရွက်တွေကိုင်ထားကာ စကားပြောနေကြသည် ။ တံခါးပွင့်သွားတော့ စကားစပြတ်သွားပုံနှင့် တံခါးပေါက်ဘက်သို့ နှစ်ယောက်လုံး ကြည့်လာကြသည် ။

ဒီမမက ခုနက လူတွေပြောနေကြတဲ့ တစ်ယောက်ပေါ့ ။

Luhan တက်လိုက်ရမလား မတက်ရဘူးလား တွေဝေနေတဲ့အချိန် တံခါးကပြန်ပိတ်ဖို့လုပ်နေသည် ။ သို့သော် ....

Sugar Daddy Where stories live. Discover now