Part - 11

19.1K 1.6K 252
                                    

တဒေါက်ဒေါက်နဲ့ တံခါးခေါက်သံအဆုံးမှာ လူအစား ခေါင်းလေးတစ်လုံးဝင်လို့ အခန်းထဲကို ကြည့်လာတဲ့ကောင်လေးကို Sehun အသည်းယားဖွယ် တွေ့လိုက်ရသည် ။

ကိုင်ထားတဲ့ဘောပင်ကို လက်ကနေချလိုက်ရင်း Sehun ထိုင်ခုံမှထကာ လက်နှစ်ဖက်ကားပေးလိုက်သည့်အခါမှ တံခါးပေါက်ဝမှာ ချောင်းနေတဲ့ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ Sehun ရင်ခွင်ထဲသို့ အပြေးလေးဝင်လာသည် ။

ဂျပန်ကပြန်ရောက်တည်းက သူ့အမေဆေးရုံမှာ ဆေးစစ်ရတာတွေနဲ့အတူ ဆေးရုံမှာတစ်ရက်အနားယူရမယ်ဟူ၍ ဆရာဝန်ရဲ့ စကားကြောင့် ဒီကောင်လေးနဲ့ တစ်ရက်ရက်တိတိ မတွေ့ရဘဲဝေးကွာခဲ့ရတာ ။

သူတို့နှစ်ယောက်အကြား အလွမ်းဖြေစရာက ဖုန်းလေးသာရှိသည် ။ ဒါတောင် Sehun ဘက်ကပဲ သတိတရခေါ်ရခြင်းပင် ။ ဒီကောင်လေးကတော့ ဖုန်းစဆက်ဖို့နေနေသာသာ Sehun ဆက်ရင်တောင် အလုပ်မလုပ်ဘဲ ဘာလို့ခနခနဆက်နေတာလဲ တို့ . . အလုပ်ကပြန်လာလို့ ဆက်ရင်လဲ ပင်ပန်းတာကိုမနားဘဲ ဘာလို့ဆက်တာလဲ တို့က လာသေးတာ ။

အင်းလေ . . ပိုချစ်ရသူက ပိုသည်းရတယ်ဆိုတဲ့ စကားက အလကားထားခဲ့တာမှ မဟုတ်တာ ။

ဒီနေ့မနက်တော့ Sehun ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသား ။ တစ်ရက်တိတိ ဝေးကွာခဲ့ရတဲ့ ခန္ဓာကိုယ်လေးကို Sehun မိနစ်ပေါင်းများစွာ ကြာသည့်တိုင် ပွေ့ဖက်ထားခဲ့သည် ။

" ကျွန်တော့ကို အဲ့လောက်တောင်ပဲ လွမ်းနေတာလား "

" အဲ့ထက်တောင် ပိုတယ် "

" ကျွန်တော်တို့ မတွေ့တာ တစ်ရက်ပဲရှိသေးတာလေ daddy . . "

" အဲ့ဒီ့တစ်ရက်က တကမ္ဘာကြီးလောက်ကြာနေတာ ကလေးမှမသိတာ "

ပိုရန်ကော ဟူသည့်ပုံစံဖြင့် Luhan နှာခေါင်းရှုံ့ လိုက်ပေမဲ့ daddy ဖက်ထားတာကိုတော့ မရုန်းဖြစ်သေးဘူး ။

ဖက်တာပဲလား ။ ဘယ်ဟုတ်မလဲ ။ daddy ဆိုတာက ဘယ်တုန်းကများ ဖက်တာလောက်လေးနဲ့ ကျေနပ်လို့လဲ ။ Luhan ကိုဆို အားနေအသားယူဖို့လောက်ချောင်းနေတဲ့ daddy က အခုလဲ Luhan ကိုဖက်ထားရင်းကနေ ပုခုံးတွေရော လည်ပင်းတွေကိုရော နမ်းနေပါသေးသည် ။

Sugar Daddy Where stories live. Discover now