Part - 18

19.5K 1.3K 321
                                    

Valentine Special ... စပါယ်ရှယ်နော် .. စပါယ်ရှယ် .. သဘောပေါက် 🌚🚨

______________________________________

နားထဲတစ်ချက်တစ်ချက် ကြားနေရတဲ့ စကားသံတစ်ချို့ကြောင့် Luhan မျက်လုံးတို့ကို ဖွင့်တစ်ဝက် မဖွင့်တစ်ဝက်နဲ့ကြည့်မိတော့ ခပ်လှမ်းလှမ်းက ဝရံတာမှ ဖုန်းပြောနေသော daddy ကို တွေ့လိုက်ရသည် ။

Luhan မျက်လုံးတို့ကိုပွတ်ကာ ကုတင်ပေါ်ထထိုင်လျက် Daddy ကို ကြည့်မိပါသည် ။ တစ်ခါတစ်ခါ ဘာတွေအလိုမကျနေမှန်းမသိ တွန့်ကွေးသွားတဲ့ မျက်ခုံးတွေကို တွေ့ရသေးသည် ။ မှန်တံခါးခြားထားလို့ စကားသံတို့ကို အလုံးစုံမကြားရပေမဲ့ စကားသံတချို့ကြောင့် Luhan တောင် နိုးလာရတယ်ဆိုတော့ တချို့တလေမှာ စကားသံကျယ်တာကို သိနိုင်သည် ။ ဟုတ်ပါတယ် .. daddy ဒေါသထွက်နေတာဖြစ်ပါသည် ။

ဘာအကြောင်းအရင်းကြောင့်မှန်း Luhan မသိသော်လည်း လွယ်လွယ် ဒေါသထွက်တတ်သည့် daddy အကြောင်းကို သိသည်မို့ ကုတင်ပေါ်ကနေ အသာလေးထသွားမိသည် ။

မှန်တံခါးဖွင့်သံကြောင့် daddy က ဖုန်းပြောနေရင်း အနောက်ကိုလှည့်ကြည့်သည် ။ Luhan ကို တွေ့သည့်အခါ လွတ်နေသည့်လက်တစ်ဖက်ဖြင့် လက်ပြခေါ်သည်မို့ Luhan လည်း အလိုက်သင့် daddy ဆီသွားလိုက်သည် ။

အနားရောက်လာသည့် Luhan့ ကိုယ်လေးကို daddy က သူ့ရင်ခွင်ထဲထည့်ကာ လက်တစ်ဖက်တည်းနဲ့ ဖက်ထားသည် ။ စကားပြောနေရင်း တခါတခါကျလည်း Luhan ခေါင်းကဆံပင်များကို ငုံ့နမ်းနေပါသေးသည် ။

" အချစ်လေး နိုးလာပြီလား "

ဖုန်းချပြီးသည်နှင့် Luhan တစ်ကိုယ်လုံးကို သူ့လက်နှစ်ဖက်နဲ့ သိမ်းကျုံးဖက်ကာ ရုန်းမရအောင်ညှစ်ထားသည် ။ အချစ်လေး ဆိုတဲ့ နာမ်စားကြောင့် Luhan နှာခေါင်းရှုံ့ လိုက်ကာ daddy ခါးကို ပြန်ဖက်ထားမိသည် ။

" ဘယ်သူနဲ့ဖုန်းပြောနေတာလဲ ဟင် ... daddy .. "

" မေမေနဲ့ပါ .. ကလေး အာရုံမထားနဲ့ .. ဘာမှမဖြစ်ဘူး "

" ဟုတ် .. "

" လာ အထဲဝင်ရအောင် .. ကိုယ်ရေချိုးလိုက်ဦးမယ် .. ကလေး ခနလှဲချင်ရင်လှဲနေဦး .. ဒါမှမဟုတ် ... တူတူချိုးကြမလား .. ဟင်းးး "

Sugar Daddy Where stories live. Discover now