Part - 10

22.4K 1.6K 335
                                    

အခန်းထဲကျရောက်လာတဲ့ နေအလင်းရောင်ကြောင့် မိုးလင်းပြီးမှန်း သိသော်လည်း Sehun မထချင် ။
ဒါ့အပြင် ရင်ခွင်ထဲမှာ တိုးဖက်ထားလို့ နွေးထွေးနေမဲ့အစား ဟာလာဟင်းလင်းဖြစ်နေသလိုပဲ ။ မျက်လုံးမဖွင့်သေးဘဲ ဘေးနားကို လက်နှင့်စမ်းကြည့်တော့ ဗလာဖြစ်နေသော နေရာတခုကြောင့် Sehun့  မျက်လုံးတို့ ပြူးကျယ်သွားကာ နေရာကနေ ထထိုင်လိုက်မိသည် ။

အိပ်ရာပေါ်မှာ လှဲနေရမဲ့အစား အခန်းထဲက စားပွဲထိုင်ခုံမှာ လက်ပိုက်လျက် မိန့်မိန့်ကြီးထိုင်နေသော Luhan ကို တွေ့မှ Sehun စိတ်အေးသွားသလို သက်ပြင်းချလိုက်မိတော့သည် ။

အိပ်ရာနိုးလာလာချင်း ဘေးနားမှာ ကလေးမရှိတော့ဘူးဆိုသည့်အတွေးက Sehun ကို တကယ်လန့်သွားစေသည် ။ တကယ်ဆို ကိုယ့်ရပ်ကိုယ့်မြေမဟုတ်တာရော ကိုယ်မပါရင် သူလဲပြန်လို့မရဘူးဆိုတာ Sehun ခနတာ မေ့လျော့သွားခဲ့ပုံရသည် ။

" အစောကြီး နိုးနေတာလား ကလေး "

" နိုးရင်လဲ ထပြီး ရေသွားချိုး ! ကျွန်တော်ပြောစရာရှိတယ် "

မပြုံးမရယ်နဲ့ Luhan စကားကြောင့် Sehun မျက်ခုံးတွန့်သွားရသည် ။ မနေ့ညက သူ့ဘက်ကအရင်စတာပေမဲ့ ကြမ်းလိုက်မိသည်က ကိုယ်ဖြစ်နေတာကြောင့် ဒီကလေး မကျေမနပ်များဖြစ်သွားသည်လား ။

Sehun ဘာမှမပြောတော့ဘဲ ခေါင်းလေးညိမ့်လို့ ရေချိုးခန်းထဲဝင်သွားသည် ။ Sehun ပြန်ထွက်လာတော့ အခုနကပုံစံအတိုင်း Luhan မပြောင်းမလဲထိုင်နေသည် ။ အင်္ကျီလဲစရာရှိတာ အမြန်လဲပြီး Luhan နဲ့ မျက်နှာချင်းဆိုင်ခုံမှာ Sehun ဝင်ထိုင်လိုက်သည် ။

" ကိုယ့်ကို ဘာပြောမလို့လဲ ကလေး "

Luhan က သူ့ကို မကျေမနပ်ပုံစံလေးနဲ့ မျက်မှောင်ကုတ်တာ ကြည့်နေသည် ။

" daddy ပြောတော့ ကျွန်တော်က daddy နဲ့နေပေးရုံနဲ့ လက်ညိုးညွှန်ရာ ရေဖြစ်စေရမယ်ဆို .. daddy က ကျွန်တော့ရဲ့ ငွေထုပ်လေးဖြစ်ပေးမယ်ဆို "

" အင်းလေ . . "

" အခုကျ နည်းနည်းမတရာဘူးလို့မထင်ဘူးလား . . daddy ပြောတော့ ကျွန်တော့ရဲ့ sugar daddy လုပ်မယ်ဆိုပီး အခုကျ daddy ချည်းဘဲ အသားယူနေတာ မဟုတ်ဘူးလား "

Sugar Daddy Where stories live. Discover now