Part - 23

16.7K 1.3K 254
                                    

* ဘယ်သူလဲ မသိဘူး * တဲ့ ။
စကားလေးတစ်ခွန်းပါပဲ ၊ ထိုစကားလေးတစ်ခွန်းက Sehun အတွက်တော့ ရင်ထဲအောင့်သွားစေတဲ့အထိ တတ်စွမ်းနိုင်ခဲ့ပါတယ် ။ ကုတင်ပေါ်က ဖြူစင်တဲ့မျက်ဝန်းလေးများနဲ့ ပြူးပြူးလေးနဲ့ ကြည့်နေတဲ့ကောင်လေးကို ပြန်ဖြေပေးစရာမရှိတော့လောက်အောင် Sehun တုန်လှုပ်နေမိပါသည် ။

" ကိုယ် .... ကိုယ့်ကို မ မှတ်မိ . ဘူး ... လား ... ကလေး "

မပြောချင်ဆုံး မမေးချင်ဆုံးစကားတစ်ခွန်းဖြစ်နေခဲ့သည် ။ ခြေရင်းကကုတင်တိုင်ကို လက်နဲ့တင်းတင်းဆုပ်ထားလျက် Sehun အားတင်းစွာပဲ မေးလိုက်သည် ။

ဘာမှမပြော ။ ခေါင်းလေးအသာရမ်းပြလေသည် ။ တဖြည်းဖြည်းနဲ့ ယိုင်နဲ့ချင်လာတဲ့ ခြေထောက်နှစ်ဖက်ကို အားတင်းစွာထောက်ထားရင်းပဲ အခုလေးတင်မှထွက်သွားတဲ့ ဒေါက်တာတွေကိုပဲ ပြေးခေါ်ရတော့မလို ။ ဒေါက်တာမေးသွားတာ ဗိုက်နာလားဆိုတာပဲလေ ။ ခေါင်းကိုက်လား ဒီလူကိုမှတ်မိလားလို့မှ မမေးတာ ။

Sehun အားတင်းလျက် Luhan နားသို့ တဖြည်းဖြည်းပြန်လျှောက်လာသည် ။ အနားရောက်တဲ့အခါ ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်ရင်း Luhan လက်နှစ်ဖက်ကို ဆွဲယူလိုက်သည် ။

" ကလေး ... နောက်နေတာမဟုတ်လား .. ဟင် .. ကိုယ့်ကိုနောက်နေတာမလား ... "

" ..... "

" ဒါနောက်စရာမဟုတ်ဘူးလေနော် ကလေး ... ကိုယ် .. ကိုယ် ရူးတော့မလိုပဲ "

ဆွဲယူထားတဲ့ Luhan လက်နှစ်ဖက်ကို ညှစ်လိုက်ဖြစ်လိုက်ဖြင့် Sehun သွေးပျက်နေသည် ။

" ကိုယ့်ကို မမှတ်မိဘူးလား ကလေးရာ ... ကိုယ်လေ ကလေးရဲ့ daddy လေ .. Oh Sehun လေကွာ "

Sehun ခေါင်းငုံ့ချလိုက်ကာ Luhan လက်နှစ်ဖက်ပေါ်မျက်နှာမှောက်ချရင်း အသံတိတ်မျက်ရည်ကျမိ၏ ။ အဆိုးထဲကအကောင်းပဲလို့ ပြောရမလား ။ လုံးဝသတိမရလာတော့မှာထက်စာရင် သူ့ဆီပြန်လာခဲ့ပေးတာပဲ ။ မမှတ်မိတော့ရော ဘာဖြစ်လဲ ။ နောက်ကျ သတိရလာမှာပဲ မဟုတ်လား ။

Sehun စိတ်လျှော့လိုက်ပြီးနောက်မှာ ရှိုက်သံပိုကျယ်လာခဲ့သည် ။

" Daddy "

" ဟင် ...."

Sehun ကိုယ်လေး ဆတ်ခနဲတုန်သွားကာ ချက်ချင်းခေါင်းမော့လာသည် ။ ပြုံး၍ကြည့်နေသော Luhan ရဲ့ မျက်နှာလေးကြောင့် Sehun နှလုံးသားတစ်ခုလုံး ပြုတ်ကျမတတ်ခုန်လာသည် ။

Sugar Daddy Where stories live. Discover now