Part - 3

28.4K 2.3K 332
                                    

" မား ... မနက်စာစားရအောင် "

မနက်စာဆို ထမင်းပဲစားတတ်တဲ့ မားက နေမကောင်းဖြစ်ကတည်းက ဆန်ပြုတ်ဖြင့်သာ နှစ်ပါးသွားခဲ့ရတာကြာပြီ ။ သူကလဲ အချိန်ပိုင်းအလုပ်တွေနဲ့မို့ မနက်အစော ထပြီး ဟင်းမချက်နိုင်တော့ မားခမျာ ထမင်းနဲ့ဝေးနေတာ အချိန်တခုလောက်တောင်ရှိနေပြီ ။

ဒါပေမဲ့ ဒီမနက်တော့ Luhan အစောကြီးထကာ ထမင်းချက်ဖြစ်သည် ။ မား စားချင်တဲ့ ထမင်းပူပူနွေးနွေးကို သူကိုယ်တိုင်ချက်ဖြစ်ခဲ့သည် ။

" ဒီနေ့တော့ ငါ့သားလက်ရာလေး စားရတော့မှာပါလား "

" မား .. လာ . . ထိုင် "

မားကို လက်ကနေဆွဲလို့ ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်သည် ။ နွေးနေလက်စ မီယောဂု ဟင်းရည်ကို ပန်းကန်ထဲခွဲထည့်လိုက်ကာ မားရှေ့ကို ချပေးလိုက်သည် ။

" အရသာရှိမဲ့ပုံလေးပဲ "

" စားကြည့်ပါဦး မား .. မချက်တာကြာတော့ အရသာဘယ်လိုနေလဲလို့  "

မားက ဇွန်းနဲ့ တလုတ်သောက်ကာ လက်မထောင်ပြတော့ Luhan ခေါင်းညိမ့်ပြလိုက်ရင်း သူပါတစ်ဇွန်းခပ်စားလိုက်သည် ။

" ငါ့သား ဒီရက်ပိုင်း အဆင်ပြေနေပုံပဲ ။ မျက်နှာလဲ အရင်ကထက် ပိုလန်းလာတယ် .. ပျော်စရာများ ရှိလို့လား "

မား စကားကြောင့် Luhan မသိမသာ ပြုံးလိုက်မိတယ် ။ တစ်ဆက်တည်း ဒီအချိန်ဆို daddy အလုပ်သွားလောက်ပြီလား ဟု တွေးမိသွားသည် ။ အင်း ... မားကို ထမင်းစားစေချင်တာက ပထမအချက်ဆို ဒုတိယအချက်က ကိုယ်ချက်ထားတာကို daddy ကို ကျွေးချင်တာ ဒုတိယအချက်ပေါ့ ။

ဘယ်သူမဆို ကိုယ် ကြိုးစားထားတာရှိရင် ကြွားချင်တယ်လေ ။ ပြီးရင် သူ့ဆီက ချီးကျူးတာလေးလဲ လိုချင်တယ်ပေါ့ ။ အဲ့လိုမျိုး ။

အိမ်ရှေ့က bell သံကြောင့် Luhan အတွေးတို့ ရပ်သွားကာ ခပ်သွက်သွက်ထသွားလိုက်သည် ။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အနက်ရောင်ကုတ်တွေနဲ့ လူချည်းပဲ ၅ယောက် ၆ယောက်လောက် ရှိသည် ။

အကြွေးရှင်တွေလား ? သူလဲ တခါမှ အကြွေးမယူဖူးပါဘူး ။ အနောက်ကနေ ထွက်လာသော မားကလဲ မျက်လုံးပြူးနေတာမို့ မားများ တခုခုယူထားတာ ရှိလားလို့ Luhan စိတ်ပူသွားမိသည် ။ ဒါပေမဲ့ မားကလဲ ခေါင်းခါပြတာမို့ ထိုလူတွေကို Luhan လန့်သွားမိတော့သည် ။

Sugar Daddy Where stories live. Discover now