Part - 24

15.6K 1.4K 145
                                    

Luhan သတိရလာပြီး ဆေးရုံမှာ ၃ရက်တိတိနေပြီးမှ ဆေးရုံဆင်းရသည် ။ ဆေးရုံတက်နေတဲ့ တစ်လျှောက်လုံးလည်း daddy က ဘေးကနေ တစ်ဖဝါးမှမခွာဘဲ လိုအပ်သမျှကို အကုန်လိုက်လုပ်ပေး၏ ။ ထမင်းစားတာ ရေသောက်တာ ကိုယ်လက်သန့်စင်တာကအစ ကိုယ်တိုင်အသေးစိတ်အကုန် သိမ်းကျုံးလုပ်ပေးပြီး ကုန်ကုန်ဗျာ သန့်စင်ခန်းသွားရင်တောင် အထဲထိမဝင်ရုံတမယ် ဂရုစိုက်နေတာကြောင့် ကြာရင် Luhan တောင် အကျင့်တွေပျက်ပြီး အပျင်းတစ်လာတော့မည် ။

အခုလည်း ဆေးရုံဆင်းလာပြီး daddy က သူ့အိမ်ကိုခေါ်ချလာတယ် ။ တိုက်ခန်းမှာပဲ မားနဲ့တူတူနေမယ်ပြောတာကို လုံးဝလက်မခံဘူးလေ ။ ရောဂါနဲ့လူကြီးက ပြုစုနိုင်မှာမဟုတ်ဘူး ၊ ဂရုစိုက်ပေးနိုင်မှာမဟုတ်ဘူး ၊ စိတ်မချဘူးဟု ပြောကာဖြင့် ဘယ်သူပြောပြောနားမထောင် ခေါ်ချလာတာ ။

မျက်စိမျက်နှာပျက်နေတဲ့ daddy မေမေကို Luhan မှာ ကြောက်ရပေမဲ့ daddy ကတော့ မမှုပါဘူးလေ ။ Daddy က နဂိုတည်းက ဇွတ်တရွတ်ပေမို့ ဘယ်သူ့အရိပ်အကဲမှ ကြည့်မနေဘူး ။ Luhan မှာသာ လိုက်လဲလိုက်ချင် မလိုက်လဲမလိုက်ချင် စိတ်နှစ်ခွဖြစ်နေပေမဲ့ နောက်ဆုံးတော့လဲ လိုက်လာရတာပါပဲ ။

" ဟိုကောင်လေး ရေချိုးတာကြာနေပြီနော် ... မပြောဘူးဆိုတာနဲ့ လွတ်လပ်ရေးတွေ ရမနေနဲ့ "

ရေချိုးခန်းတံခါးကို တဘုန်းဘုန်းနဲ့ရိုက်ပြီး အော်နေတာကြောင့် Luhan ခမျာ ရေထဲမစိမ်ရတာကြာလို့ ဇိမ်ခံမလို့တောင် တွန့်သွားရတယ် ။ ဆေးရုံမှာသတိမေ့နေတာ နှစ်ရက် ၊ သတိရတော့လည်း ထပ်နေရတာ ၃ရက် ၊ ပေါင်း ၅ရက်တောင်မှ ရေမချိုးရသေးတာကို နည်းနည်းလေးတောင် အလျှော့မပေးဘူး ။ မမြင်ရဘူးဆိုတာသိပေမဲ့လည်း Luhan တံခါးပေါက်မှာရှိနေလောက်မည့် လူကို မျက်စောင်းထိုးလိုက်မိပါ၏ ။

ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်မှာတဘက်တစ်ထည်ကို အဆင်သင့်ယူထားတာ ထိုင်စောင့်နေတဲ့ daddy ကို တွေ့ရသည် ။ Luhan ထွက်လာတာမြင်တာနဲ့ ကုတင်ပေါ်ကထလာကာ အနားသို့ရောက်လာသည် ။

" ကိုယ်သုတ်ပေးမယ် ငြိမ်ငြိမ်နေ "

ဘာလုပ်ရမလဲ ။ ငြိမ်ဆိုတော့လည်း ငြိမ်ရတာပေါ့ ။ ကိုယ်တောင်မှ လက်မညောင်းသေးတယ် ။ ခေါင်းကို ဖြည်းဖြည်းသုတ်ပေးနေတဲ့ daddy ရဲ့ မျက်နှာကို Luhan တမေ့တမောကို လိုက်ငေးကြည့်မိသည် ။ မချွန်ဘဲနဲ့ ပြေပြေလေးရှိနေတဲ့ နှာခေါင်းပေါက်လေးထဲက အသက်ရှုလိုက်တိုင်း ထွက်လာတဲ့လေငွေ့က Luhan နဖူးပေါ်မှာ ကျရောက်လို့ ။

Sugar Daddy Where stories live. Discover now