Part - 16

18.7K 1.7K 491
                                    

အိမ်အပြန်လမ်းသည် အလွန်တိတ်ဆိတ်လွန်းလှသည် ။ အတွေးကိုယ်စီနဲ့ သူတို့နှစ်ယောက်အကြား ပြောစရာစကားတို့ မဲ့လျက် ။ သို့ပေမဲ့ ကားကိုလက်တစ်ဖက်တည်းနဲ့မောင်းလျက် ကျန်တစ်ဖက်ကတော့ Luhan လက်တစ်ဖက်ကို Sehun ခပ်တင်းတင်းဆုပ်ကိုင်ထားသည် ။

စကားမပြောချင်လို့ မဟုတ်ဘဲ ပြောစရာစကားတို့ လည်ချောင်းတည်းကနေ တိုးမထွက်လာခြင်းဖြစ်သည် ။ လေဆိပ်ကနေ ၄၅မိနစ်လောက် မောင်းအပြီးမှာ Luhan တို့ တိုက်ခန်းအရှေ့သို့ ရောက်လာသည် ။

လွတ်နေတဲ့ လက်တစ်ဖက်နဲ့ လုံခြုံရေးခါးပတ်ကို Luhan ဖြုတ်လိုက်ပြီး Sehun ကို မဝံ့မရဲမော့ကြည့်လိုက်သည် ။ Sehun သည်လည်း Luhan မျက်လုံးတို့ကို သေချာစိုက်ကြည့်နေသည် ။

Luhan ကိုယ်ကို အရှေ့သို့ကိုင်းလျက် Sehun ၏ နဖူးကို ထိရုံမျှ ခပ်ဖွဖွနမ်းသည် ။

" ကျွန်တော်သွားတော့မယ် daddy ... ကားကို ဂရုစိုက်မောင်းနော် "

သွားတော့မယ် ?
နောက်ဆုံးနှုတ်ဆက်ခြင်းအလား Luhan ၏ အသံတို့ တုန်လျက် တိုးတိုးမျှသာထွက်လာသည် ။

" နေဦး .. ကလေး "

ကားတံခါးဖွင့်နေတဲ့ Luhan လက်တို့ကို Sehun တားလိုက်သည့်အခါ Sehun ဘက်သို့လှည့်ကြည့်လာသည် ။ မျက်ဝန်းမှာ မျက်ရည်စတွေတောင် တွေ့နေရသလိုပဲ ။ Sehun အံတင်းတင်းကြိတ်ကာဖြင့် ..

" ကလေးမသိမှာစိုးလို့ ကိုယ်ပြောရဦးမယ် .. ကိုယ်က Company တစ်ခုရဲ့ CEO တစ်ယောက် .. ကိုယ့်မှာအသိတွေ အဆက်အသွယ်တွေအများကြီးရှိတယ် .. ပြီးတော့ ကိုယ်ဘာမဆို လုပ်နိုင်တယ် "

Luhan က သူ့စကားကို နားမလည်စွာကြည့်နေ၏ ။

" ကိုယ်ပြောချင်တာက .. လူတစ်ယောက်ပျောက်သွားရင်တောင် ပြန်ရှာဖို့ ကိုယ့်အတွက်မခက်ခဲဘူး ဆိုတာ .. "

သူ့စကားကြောင့် ကိုင်ထားမိတဲ့ Luhan လက်ကလေးတွေ တုန်ယင်သွားတာကို Sehun ခံစားမိလိုက်သည် ။ Oh Sehun ကို လျှော့မတွက်နဲ့ ။

ဒါပေမဲ့ ဘာတွေဖြစ်နေလဲ ထုတ်မေးဖို့ Sehun တွင် စိတ်ကူးမရှိပါ ။ သူသာ ကလေးအနားမှာ အမြဲတမ်းရှိနေမယ်ဆို သူကြောက်ရမဲ့ကိစ္စတွေ ဖြစ်မလာနိုင်ပါဘူး ။ ဖြစ်မလာနိုင်အောင်လဲ Sehun လုပ်နိုင်ပါသည် ။

Sugar Daddy Where stories live. Discover now