Part - 17

18.6K 1.6K 360
                                    

ခြံရှေ့မှာကားစက်ရပ်ရင်း ဟွန်းတီးလိုက်တော့ အလိုက်သင့်ပွင့်သွားတဲ့ ခြံတံခါးနှင့်အတူ အတော်အတန်ကျယ်ဝန်းသော ခြံထဲကို Sehun ကားမောင်းဝင်လာခဲ့သည် ။ ခြံဝင်းထဲ ကားကို ဖြစ်သလိုရပ်ထားခဲ့ကာ အိမ်ထဲသို့ မပြေးရုံတမယ် ဝင်လာခဲ့ပါသည် ။

တိုက်ခန်းမှာသာ အနေများပြီး အရေးကြီးကိစ္စမရှိလျှင် Sehun အိမ်သို့ ပြန်မလာဖြစ်တာများသည် ။ ဒီအိမ်အကျယ်ကြီးက မိသားစုသုံးယောက်ထဲရှိတဲ့ သူတို့အတွက်တော့ အတော်ကျယ်သည်ဟု ပြောနိုင်သည် ။

" မေမေ "

Sehun ဧည့်ခန်းထဲကနေ အော်ခေါ်လိုက်သည် ။ သို့သော် မေမေ့ရဲ့ ပြန်ထူးသံကိုမကြားရဘဲ မီးဖိုချောင်မှ ထမင်းချက်အဒေါ်ကြီးပဲ ထွက်လာသည် ။

" သူဌေးကတော်က စာဖတ်ခန်းမှာရှိတယ် သား "

" ဟုတ်ကဲ့ ... ကျွန်တော်ဝင်သွားလိုက်မယ် "

အဒေါ်ကြီးကို Sehun ရိုသေစွာ ပြန်ပြောလိုက်ရင်း စာဖတ်ခန်းရှိမည့် အခန်းဆီသို့ ဦးတည်လိုက်သည် ။

" မေမေ "

ထိုင်ခုံမှာ စာထိုင်ဖတ်နေသည့် မေမေက Sehun ကိုမြင်သည့်အခါ အစကတော့ အံ့သြသွားပြီး နောက်မှ နှုတ်ခမ်းတွန့်ရုံ ယဲ့ယဲ့လေးပြုံးသည် ။

" မေမေ့ဆီ လိုက်လာမယ်ဆိုတာသိပေမဲ့ ဒီလောက်မြန်မယ်မထင်ထားဘူး Sehun "

" မေမေ ဘာတွေလုပ်နေတာလဲ "

" မင်းသိပြီးလို့ပဲ မေမေ့ဆီလာခဲ့တာမဟုတ်ဘူးလား .. "

" မေမေလုပ်နေတာတွေ အဓိပ္ပါယ်မရှိဘူး ... "

" မေမေ လုပ်သင့်တာလုပ်တာ Sehun .. မင်းရဲ့ နောင်ရေးအတွက် မင်းရဲ့ဘဝအတွက် မင်းကောင်းစားဖို့ . . "

" ကျွန်တော့ဘဝပါ မေမေ ... ကျွန်တော့ရဲ့အနာဂတ်အတွက် ကိုယ်တိုင်ဆုံးဖြတ်ပါရစေ .. ကျွန်တော့ကိစ္စတွေမှာ ဝင်စွက်ဖက်နေတာတွေ ရပ်ပေးပါတော့ "

Sehun စကားကြောင့် မေမေ့ရဲ့မျက်နှာတင်းခနဲဖြစ်သွားသည်ကို မြင်လိုက်ရသည် ။

" Oh Sehun !!! မင်း မင်း ! ... ဘာလဲ အဆင့်အတန်းမရှိ နိမ့်ပါးတဲ့ ကောင်လေးတစ်ယောက်ကြောင့် အခုတော့ မိဘတွေကိုပါ ပြန်ပြောနေတတ်ပြီပေါ့ ဟုတ်လား Sehun ! မင်းကိုယ်မင်း တော်တယ်ထင်နေတာလား "

Sugar Daddy Where stories live. Discover now