Part - 5

27K 2K 171
                                    

မျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်တစွန်းတစကြောင့် Sehun မျက်လုံးတို့ အော်တိုပွင့်လာကာ ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကလေးကို မြတ်နိုးစွာ ကြည့်လိုက်သည် ။ အခန်းထဲကို ဖြာကျနေတဲ့ နေရောင်က ကလေးပေါ်ကို ကျရောက်နေတာမို့ Sehun လက်နဲ့ကာပေးလိုက်သည် ။

ကလေးက ပြတင်းဘက်ပေါက်ကို နောက်ကျောပေးထားလို့ နေစူးနေတာမသိလဲ Sehun ကတော့ စိတ်ပူပါသည် ။

တစ်လမပြည့်မချင်း သူ့ကိုမထိရဘူးလို့ ပြောထားတဲ့ ကောင်လေးက တစ်ပတ်ပင်မပြည့်သေး Sehun ရဲ့ အလိုကို ဖြည့်ပေးသည်တဲ့ ။ ကြည့်စမ်းပါဦး ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ ။

Sehun ရဲ့ စည်းစိမ်တွေ ပိုင်ဆိုင်မှုတွေ အားလုံးကိုပေးလိုက်ရရင်တောင် ဒီကောင်လေးကို ရွေးချယ်ခဲ့တာကို နောင်တရမည် မဟုတ်ပါ ။ အသက် ၂၇ နှစ်အတွင်း သူ့မှာ ချစ်သူမရှိခဲ့ဘူးဆို ယုံမှာမဟုတ်ဘူးမလား ။ ရှိတာပေါ့ ။ Sehun သည်လည်း နှလုံးသားနဲ့သူမို့ အချစ်ဦးရှိခဲ့သလို မနူးမနပ်အရွယ်တုန်းက ရည်းစားလဲ ထည်လဲတွဲခဲ့ဖူးသည် ။

ဒါပေမဲ့ .... ကောင်လေးတစ်ယောက်အပေါ် မြင်မြင်ချင်း လိုချင်လောက်အောင် ဖြစ်ခဲ့တာတော့ ဒီကလေးတစ်ယောက်ပဲ ရှိသည် ။ သူ့ကိုဆို ပိုက်ဆံမျက်နှာကြည့်ပြီး လိုချင်ခဲ့တဲ့သူတွေအကြား ဒီကောင်လေးကတော့ သူ့ရဲ့စကားကို ငြင်းပယ်ခဲ့သည် ။

ဟုတ်တယ် ... ထိုနေ့က ကလေးရဲ့ အကြည့်စူးစူးတွေကို Sehun ရူးသွပ်ခဲ့ရပြီး ၊ ကျွန်တော်က ခင်များထင်သလို လူမျိုးမဟုတ်ဘူးလို့ ကိုယ့်မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ ပြောသွားသည်ကို Sehun စွဲလမ်းခဲ့မိသည် ။

ဒါကြောင့် ကိုယ်က သူလိုအပ်တာတွေကို လိုလိုလားလား ပေးအပ်ချင်ခဲ့တာ ။

သူ့ဆံပင်တွေကို ပွတ်သပ်နေတာကြောင့် ကလေးက အနည်းငယ်လှုပ်သွားသော်လည်း ပင်ပန်းနေတာကြောင့်ထင်သည် မျက်လုံးတို့ပွင့်မလာပါ ။ ထိုအစား စူတူတူဖြစ်သွားတဲ့ နှုတ်ခမ်းတစ်စုံတော့ ရှိသည် ။ Sehun အသည်းယားကာ ထိုစူနေတဲ့ နှုတ်ခမ်းကို လက်ညိုးနဲ့လက်မ သုံးကာ ညစ်ပစ်လိုက်သည် ။

Sugar Daddy Where stories live. Discover now