Epi - 29

13.9K 1.3K 318
                                    

ခွဲရတာတစ်ရက်တောင်မပြည့်သေးဘူး ဒီလူကိုလွမ်းရလွန်းလို့ ရူးရပါတော့မယ်ဆိုတာမျိုး ရုပ်ရှင်တွေ ဒရာမာတွေထဲ မြင်ရတဲ့အခါ Luhan နှာခေါင်းရှုံ့ ခဲ့ဖူးသည် ။ ပိုလိုက်တာကွာ ဟု လှောင်ခဲ့ဖူးသည် ။

ဒါပေမဲ့လို့ ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါမှသာ အပိုတွေမဟုတ်မှန်းသိတော့သည် ။ ထိုသို့သောအခါမှ အော် ... ဒါက အချစ်ဆိုတာလား ... ငါတကယ်ချစ်တတ်နေပြီပဲ .... ငါချစ်သူထားနေပြီပဲ ... ဟု တွေးမိတတ်လာသည် ။

တစ်နာရီခြား တစ်ခါမဟုတ်တောင် daddy က ဖုန်းဆက်ပေမဲ့ အလွမ်းမပြေတာ ဘာကြောင့်ပါလဲ ။ ဒီလိုမှန်းသိ လေယာဉ်ကြောက်တာကို သည်းခံပြီးလိုက်သွားပါတယ် ။ အခုတော့ Luhan လေးတစ်ယောက်တည်း အိပ်ရာထဲ ဖင်လှည့်ခေါင်းလှည့်ဖြင့်သာ လုပ်စရာလဲမရှိ ပျင်းမိရတော့သည် ။

အချိန်ကား ညနေ ၅နာရီ ။

Daddy ဆီက ဖုန်းမလာတော့တာ နေ့လည် ၃နာရီထဲက ။ daddy အလုပ်ရှုပ်နေမယ်ဆိုတာသိလို့ Luhan လည်း ဖုန်းစမဆက်ဖြစ်ခဲ့ဘူး ။ ဘာမှလုပ်စရာမရှိ၍ Luhan လိုင်းသုံးဖို့ ပြင်လိုက်သည် ။

Data ဖွင့်လိုက်သည့်အခါ မျိုးစုံသော သတင်းတို့တက်လာ၏ ။ အပေါ်အောက်ဆွဲရင်း သတင်းပေါင်းစုံကြည့်နေရာမှ တစ်နေရာအရောက်မှာ လက်တို့တန့်သွားရ၏ ။ ထို့အတူ မျက်မှောင်ပါတစ်ခါတည်းကြုံ့မိသွားသည် ။

^ Japan မှာ ဖွင့်လှစ်မည့် Black Ocean company ၏ resort အသစ်အား အပြီးသတ်ပြင်ဆင်ခြင်း ^

ထိုခေါင်းစဉ်အထိ အဆင်ပြေသေးသည် ။ မပြေတာက CEO ၏ မလှမ်းမကမ်းမှာ ရှိနေသည့် မိန်းကလေးတစ်ယောက်၏ပုံ ။ မျက်စိစပါးမွှေးစူးအောင် ပုံတိုင်းမှာပါနေသည်သာမက နှစ်ယောက်သား၏ပြောဆိုရယ်မောပုံတွေပါ ပါနေသည့်အခါ Luhan နှုတ်ခမ်းတွေ တင်းတင်းစေ့သွားရပါတော့သည် ။

ထိုမိန်းကလေးသည် တခြားတော့မဟုတ် ။ daddy အိမ်ထောင်ဖက်တွေ့ခဲ့သော အစ်မပါလေ ။

" ငုံးအုပဲ daddy !! "

ဖုန်းကိုပိတ်ချကာ ခပ်ဝေးဝေးသို့ Luhan ပစ်ချလိုက်၏ ။ ခေါင်းကနေ အငွေ့တွေထွက်လာသလားအောက်မေ့ရသည်အထိ Luhan ဒေါသထွက်ရပြီ ။ အရင်လိုသာဆို Luhan သည်းခံနိုင်ပေမဲ့ ကိုယ်ကအခုလို အသည်းအသန်အရူးအမူး လွမ်းနေချိန်မှာ daddy ကို တခြားမိန်းကလေးနဲ့ တွဲတွေ့ရသည့်မြင်ကွင်းမျိုး Luhan လုံးဝလက်မခံချင် ။

Sugar Daddy Where stories live. Discover now