Part - 27

14.8K 1.1K 199
                                    

နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ ကိုယ်ချစ်ရတဲ့သူကို ကိုယ်နဲ့အနီးဆုံးမှာ . . ကိုယ့်ရဲ့အရိပ်အောက်မှာ . . ကိုယ့်ရဲ့ရင်ခွင်အောက်မှာ မြင်ရတဲ့ခံစားချက်ကို ခင်များတို့ ခံစားဖူးကြလား ။ ဘယ်လောက်အထိ နှလုံးသားထဲ ကြည်နူးလိုက်ရသလဲရော နားလည်ကြမလား ။

Oh Sehun ကတော့ ထိုကြည်နူးမှုကို အပြည့်အဝကို ခံစားမိခဲ့သည် ။ ဘယ်သူ့ကြောင့်လဲ ။ အသက်မက ချစ်ရတဲ့ ကလေးကြောင့်ပေါ့ ။

လူတစ်ယောက်ရဲ့ အလှဆုံးအချိန်မှာ အိပ်ရာထချိန်တဲ့လေ ။ ကြားခဲ့ဖူးတဲ့စကားပေါ့ ။ ဒါပေမဲ့ Sehun ကတော့ လက်မခံပါဘူး ။ ဘာလို့ဆို သူ့ရဲ့ကလေးဟာ အိပ်ရာထချိန်မှမဟုတ်ဘူး အိပ်နေချိန်လဲ လှတာပဲ ။ အိပ်တဝက်နိုးတဝက်ဖြစ်နေချိန်လဲ လှတာပဲ ။ စကားပြောရင်လဲ လှတာပဲ ။ ထမင်းစားချိန်လဲ လှတာပဲ ။ ကုန်ကုန် ဘာလုပ်လုပ်ကို လှနေတော့တာ ။

အဲ့ဒီ့တော့ Oh Sehun တို့ မာန်တက်ရတာပေါ့ ။

ရင်ခွင်ထဲက ကောင်လေးကို ကိုယ်တစ်ခြမ်းစောင်းကာဖြင့် တံထောင်ထောက်၍ ငေးကြည့်မိသည် ။ ကော့စင်းနေတဲ့ မျက်တောင်စိပ်လေးတွေက ချစ်စဖွယ် ။ တန်းတန်းလေးဖြစ်နေတဲ့ မျက်ခုံးလေးက အသည်းယားစရာ ။ စုစုချွန်ချွန် နှုတ်ခမ်းသေးသေးလုံးလုံးက ကိုက်ချင်စရာအတိ ။ စပို့ရှပ်ကြားထဲက တစ်စတစ်စတိုးထွက်နေတဲ့ ညှပ်ရိုးလေးက ရင်ဖိုစရာ ။

Sehun မှာ ထိုလူသားလေးကို ကြည့်ရင်းကြည့်ရင်းကနေ ဆွဲကိုက်ပစ်ချင်မိတော့တာပါပဲ ။ ဘာလို့ဒီလောက် ချစ်ဖို့ကောင်းအောင် မွေးဖွားလာရသလဲ ? ဘာလို့ သည်းသည်းလှုပ်ချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းနေရသလဲ ?

နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို လက်နဲ့သာသာလေး ထိကိုင်မိရင်း ရင်ထဲကအချစ်တွေဟာ ပိုလို့ပိုလို့သာလျှင် တိုးလာရပါတော့သည် ။

ထို့ကြောင့်မို့ပဲ ထိမိကိုင်မိထားတဲ့ နဖူးထက်မှဆံစတွေကို အနည်းငယ်သပ်တင်လိုက်ရင်း နဖူးပြေပြေလေးကို ဖွဖွလေးနမ်းမိရပါ၏ ။ ထိမိပြန်တော့လည်း ပြန်တောင်မလွှတ်ပေးချင်တော့လောက်အောင် ပြုစားလို့ထားပြန်သည် ။

Sugar Daddy Where stories live. Discover now