Part - 7

23.2K 1.7K 177
                                    

ဖေဖေပေးထားတဲ့ project ကိစ္စ ဆွေးနွေးနေပေမဲ့ Sehun စိတ်တို့သည် စားပွဲခုံအောက်မှာ ရှိနေသည့် ကလေးဆီသာ ရောက်နေသည် ။ ဒီနေ့မှ ဖေဖေကလဲ စကားပြောတာ တော်တော်နှင့်မပြီး ။ ပြောနေသည့် ဖေဖေ့စကားတွေကလဲ ညာဘက်နားကဝင်ပြီး ဘယ်ဘက်နားကနေ ပြန်ထွက်သွားသည် ။

" ဖုန်းစောင့်နေတာလား "

" ဗျာ .. "

" စားပွဲပေါ်ပဲ ကြည့်နေတော့ ဖုန်းလာစရာများရှိလို့လားလို့ "

Sehun မအီမသာနဲ့ ခေါင်းသာကုတ်ဖြစ်သည် ။ စားပွဲတော့ စားပွဲပေမဲ့ ဖုန်းတော့မဟုတ်ဘူး ။ လူ ။ ကျွန်တော့ ကလေးသေးသေးလေးပါ ။ Sehun မှာ ပါးစပ်ကလဲပြောမထွက်နိုင် ။ Sehun တော်တော် အခက်တွေ့နေသည် ။

" ဒါဆို ဖေဖေပြန်တော့မယ် ။ ငါ့သားကို ယုံကြည်လို့အပ်ထားတာဆိုတော့ အဆင်ပြေမယ်ဆိုတာ သိတယ် ။ တာဝန်ကျေလိုက်ဦး "

" ဟုတ်ကဲ့ "

Sehun ခေါင်းငုံ့အရိုအသေပေးကာ ဖေဖေလက်ကိုင်တံခါးဘုကို ကိုင်ရုံရှိသေး Sehun စားပွဲခုံနားသို့ ရောက်သွားပြီဖြစ်သည် ။

" ကလေး "

စုံလည်ထိုင်ခုံကို အနောက်သို့တွန်းပို့ကာ Sehun လည်း Luhan နည်းတူ ငုတ်တုတ်ထိုင်ချလိုက်သည် ။ သူ့ကိုမော့ကာ ကြည့်နေတဲ့ ကလေးက စိတ်မကောင်းဖြစ်စွာ ကြည့်နေတဲ့ Sehun စိတ်ကို သိသည့်အလား Sehun စိတ်သက်သာရာရအောင် ပြုံးပြသည် ။

" အဲ့ဒီ မျက်နှာက ဘယ်လိုဖြစ်နေတာလဲ daddy .... စိတ်မကောင်းဖြစ်စရာမလိုဘူးနော် ကျွန်တော့ဘာသာ ကိုယ့်သဘောနဲ့ကိုယ် ဝင်ပုန်းနေတာ .. "

" ..... "

" ကြောက်လို့လေ ဟီးးဟီး "

ထိုကလေးက ဘာမှမဖြစ်သော်ငြား Sehun ရင်ထဲတော့ ဗလောင်ဆူနေပါသည် ။

" daddy အရှေ့က နည်းနည်းဖယ်ပေးဦး ။ ကျွန်တော် ထွက်မလို့ "

Sehun အနောက်ကို နည်းနည်းဆုတ်ပေးလိုက်ပြီး တိုးထွက်လာတဲ့ Luhan ခန္ဓာကိုယ်လေးကို သိမ်းကျုံးဖက်ပစ်လိုက်သည် ။

" ကိုယ် တောင်းပန်ပါတယ်နော် ။ ကိုယ် ကလေးကို ကိုယ့်ဖေဖေနဲ့ မိတ်မဆက်ပေးချင်လို့ မဟုတ်ပါဘူး နော် "

Sugar Daddy Where stories live. Discover now