Part - 14

17.8K 1.4K 256
                                    

" သား ခနထိုင်ဦး ... မား မေးစရာရှိတယ် "

ဧည့်ခန်းက ဆိုဖာပေါ်မှာ ဆွယ်တာထိုးနေတဲ့မားက လှမ်းခေါ်သည် ။ အသက်လဲကြီးကာ ကျန်းမာရေးလဲ သိပ်မကောင်းလှသည့်မားသည် အိမ်မှာပဲနေရတော့ ပျင်းကာ တခုမဟုတ်တခုတော့ လုပ်နေတတ်သည် ။ အခုလဲ Luhan အတွက်ဆိုပြီး ဆွယ်တာလေးထိုးနေတာတဲ့ ။

ဧည့်ခန်းဆီသို့ Luhan ခပ်သွက်သွက် လျှောက်ကာ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည် ။

" သားးပြောလာမဲ့ နေ့ကို မားစောင့်နေတာ ၊ အခုတော့ မားပါးစပ်ကနေ ထုတ်မေးရတော့မယ် ၊ ဟိုတစ်ခါ အိမ်လာတဲ့ သားရဲ့စီနီယာဆိုတဲ့တစ်ယောက်နဲ့ သားနဲ့ ဘယ်လိုပတ်သက်လဲ "

" မား "

" ဒီအိမ်ကရော သူပေးတာပဲလား "

" အဲ ... အဲ့တာကလေ .. မား ... "

မားက သူ့စကားကို စောင့်နေသလိုနဲ့ မျက်နှာကိုစိုက်ကြည့်လာသည် ။ Luhan ဘယ်လိုဖြေရမှန်းမသိပါ ။ တကယ်တမ်းကျ သူနဲ့ daddy နဲ့ ပတ်သက်မှုကို နာမည်တပ်ဖို့က ခက်သည် ။

ကိုယ်တိုင်သာ ဘယ်လိုပတ်သက်မှုမျိုးလဲ နားလည်ပေမဲ့ တခြားသူကို ပြန်ရှင်းပြဖို့က ခက်သည် ။ ကိုယ်က ခန္ဓာကိုယ်ပေးတယ် ၊ သူက ပစ္စည်းဥစ္စာပေးတယ် ၊ အဲ့လိုပြောရအောင်ကလဲ နည်းနည်းတော့ အရိုင်းဆန်သည်ဟု ထင်ပါသည် ။

ကိုယ်က ခန္ဓာကိုယ်ပေးတာမှန်ပေမဲ့ တခြားသူတွေလို daddy က သူ့အပေါ်မတရားမလုပ် ။ ပစ္စည်းဥစ္စာအပါအဝင် အချစ်မေတ္တာတွေပါ ပေးသည် ။ ဂရုစိုက်ပေးသည် ။ မြတ်နိုးပေးသည် ။ တန်ဖိုးထားပေးသည် ။

" အခုအခြေအနေက ပြောဖို့ခက်နေသေးတယ် မား ... အရာအားလုံးသေချာသွားမှ ကျွန်တော်ပြောပါ့မယ် ။ ကျွန်တော့ကို ယုံကြည်ပြီး ခနလောက်စောင့်ပေးပါနော် .. "

Luhan တည်ငြိမ်စွာပြောတော့ မားကလဲ ထပ်မေးလို့မရနိုင်တော့တာကို သိသည်ထင် ထပ်မမေးခဲ့တော့ပါ ။

အခန်းထဲက ဖုန်းသံကို ကြားမိ၍ Luhan မားကို ဖုန်းသွားပြောဦးမယ်ဟု ပြောကာ နေရာကနေ ထထွက်လာသည် ။ ဖုန်းသည် daddy ဆီမှ မဟုတ်ဘဲ မသိတဲ့နံပါတ်ဖြစ်နေသည် ။

Sugar Daddy Where stories live. Discover now