Part - 25

16.8K 1.2K 149
                                    

မေမေတို့အိမ်ကပြန်လာတော့ Sehun အိမ်တန်းမပြန်ဘဲ ဟန်မြစ်ဆီသို့ ကားကိုမောင်းလာခဲ့သည် ။ ည၇နာရီဖြစ်နေပေမဲ့လို့ ဟန်မြစ်မှာလူတွေရှိနေသေးသည် ။ လူရိပ်ချေနည်းတဲ့ နေရာအထိ Sehun ပတ်ကာမောင်းရင်း ကားရပ်လိုက်ပါ၏ ။ အမှန်ပင် Luhan တို့ ကားရပ်ထားတဲ့နေရာက လူတစ်ယောက်မှ မရှိပါလေ ။

လမ်းမီးတိုင်တောင် သိပ်မလင်းတော့တဲ့နေရာတစ်ခုဖြစ်သည် ။

" လူတစ်ယောက်မှလဲ မရှိဘူးနော် daddy "

" လူမရှိတော့မကောင်းဘူးလား .... ကိုယ်တို့တစ်ခုခုလုပ်နေလဲ ဘယ်သူမှမကြားတော့ဘူးလေ "

မျက်စိတစ်ဖက်မှိတ်ပြကာပြောသော Sehun စကားကို Luhan က ဟက်ခနဲရယ်သည် ။

" ကားပေါ်ကြီးမှာ daddy က ဘာလုပ်ချင်လို့လဲ "

" ကားပေါ်မှာလုပ်လို့ရတဲ့ အလုပ်တွေအများကြီးရှိတယ် ... မဖြစ်သေးပါဘူး ဒီကလေးက ဘာမှလဲမသိဘူး ... လက်တွေ့သင်ပြပေးဦးမှ "

ပြောရင်းဆိုရင်းပင် Luhan နှုတ်ခမ်းကို ဖြတ်ခနဲနမ်းလာသည် ။ ရုတ်တရက်မို့ ကြောင်ကာ မျက်လုံးပြူးနေသော Luhan ပုံစံကို နှုတ်ခမ်းတွေထိကပ်ထားရာကနေ Sehun ရယ်သည် ။

" အဲ့လောက် ကြောက်သွားရလဲ .. ဟမ် "

ထိကပ်ထားရာကနေ ဖယ်ခွာရင်း daddy က ရယ်လျက်ပြောသည် ။ ဒီနေ့တင်ကို ကြောက်လား လို့ အမေးခံရတာ နှစ်ခါပင်ရှိချေပြီ ။ တစ်ယောက်က မျက်မှောင်ကုတ်လျက် မေးသည် ။ တစ်ယောက်က ရယ်လျက်မေးသည် ။ မေးတဲ့မေးခွန်းချင်းတူပေမဲ့လို့ အဓိပ္ပါယ်ကတော့ ကွာခြားသည် ။

" ကြောက်တာမဟုတ်ပါဘူး daddy ကလဲ ... ရုတ်တရက်ဆိုတော့ လန့်သွားရုံပါ "

" ဒါဆို ကားပေါ်က ဆင်း ... အနောက်မှာထိုင်ရအောင် ... ဒီလိုအချိန်မျိုး မထိုင်ရငမ ဘယ်အချိန်သွားထိုင်မလဲ "

မြစ်ဘက်သို့ ကားကိုဖင်ထိုးရပ်ထားရင်း သူတို့နှစ်ယောက် ကားပေါ်ကဆင်းလာကြသည် ။ ဘယ်အချိန်ထဲက ဖွင့်လိုက်မှန်းမသိသည့် ကားနောက်ဖုံးပေါ်မှာ daddy က ထိုင်လိုက်ရင်း Luhan လက်ကိုလှမ်းဆွဲကာ သူ့ပေါင်ကြားထဲတွင် ထိုင်ခိုင်းသည် ။

Sugar Daddy Where stories live. Discover now