Part - 21

16.8K 1.2K 198
                                    

မနက်ဖြန်ဆို Luhan ရဲ့ မွေးနေ့ရောက်ပြီ ။ တစ်နည်းအားဖြင့် စာချုပ်ထဲကတစ်ခုတည်းသော တောင်းဆိုချက် အပြီးတိုင်ပပျောက်မည့်နေ့ ။ လိုက်နာခဲ့တာ မလိုက်နာတာက တစ်ပိုင်းသက်သက်ဗျာ ။

မွေးနေ့ဆိုတော့ လက်ဆောင်ပေးရမှာပေါ့ ။ ချစ်သူရည်းစားထားဖူးသော်လည်း မွေးနေ့အတွက်လက်ဆောင်ဆိုတာမျိုး Sehun အထူးတလည် မစဉ်းစားဖြစ်ခဲ့ဘူး ။ ဒါပေမဲ့ Luhan ကိုတော့ ဘယ်သူနဲ့မှမတူသည့် အချစ်မျိုးနဲ့ ချစ်ခဲ့မိသည်မို့ သူမတူအောင် လုပ်ပေးချင်သည် ။ အားလုံးထက် သာနေတာမျိုး ဖြစ်စေချင်သည် ။

ဒါကြောင့် အခုတစ်လောပိုင်း လူငယ်တွေကြား ဘယ်အရာကရေပန်းစားနေလဲ ? Ronantic ဖြစ်အောင် ဘာတွေလုပ်ရမလဲ ? ဘယ်လိုလက်ဆောင်မျိုး ပေးသင့်သလဲ .. ? SNS ပေါ်မှာ Sehun ရိုက်လျက် ရှာမိ၏ ။

ကား ?
No . ! ကားက Sehun ဝယ်ပေးထား၍ ကလေးမှာအသင့်ရှိပြီးသား ။

နှင်းဆီပန်း ၉၉ပွင့်ကို ကိုယ်တိုင်ခူးပြီး အလှဖော်ခြင်း ?
Pass ! နှင်းဆီပန်းပေးရအောင် ကလေးက မိန်းကလေးမှမဟုတ်တာ ။

အရုပ် ?
အရုပ်ပေးရအောင် ကလေးကလားနဲ့ ။

နာရီ ?
အင်း ဒါတော့မဆိုးဘူး ။ နာရီကတော့ ကလေးရော Sehun ရော နှစ်ယောက်လုံးအကြိုက်မို့ Rolex Couple လေး ဝယ်ရင်ရလောက်မယ် ။
မွေးနေ့လက်ဆောင်လည်းဖြစ် couple လေးလည်းဖြစ်ပေါ့ ။

" CEO .. ကျွန်တော်ရောက်ပါပြီ "

အနားရောက်လာသော ဂျွန်ဟော့ကို Sehun ခေါ်ထားပြီး မကြည့်အားသေး ။ comment တွေကို ဖတ်နေရသေးသည် ။

" ဂျွန်ဟော့ .. မင်းကလူငယ်ဆိုတော့ မေးကြည့်ရဦးမယ် ၊ မင်း ရည်းစားထားဖူးလား "

မေးသာမေးရတာ ဒီကောင်က FA ကောင် ။ ကိုယ့်အတွင်းရေးမှူးလုပ်လာတာကြာပြီ ရည်းစားထားတာလဲ မတွေ့ဖူးပါဘူး ။

" ဗျာ CEO "

" နေစေတော့ ! ထားဖူးမဲ့ရုပ်လည်းမပေါက်ဘူး "

ဂျွန်ဟော့မျက်နှာရှုံ့ မဲ့သွားသည် ။ CEO တောင် အခုမှ FA ဘဝကကျွတ်ပြီးများ လို့ ပြောလိုက်ချင်ပေမဲ့ ပါးစပ်ကလေးအသာပိတ်ထားလိုက်ရပါ၏ ။

Sugar Daddy Where stories live. Discover now