Part - 28

14.9K 1.2K 161
                                    

ကားထဲမှာ လူနှစ်ယောက်ရှိနေပေမဲ့ အသံတို့က တိတ်ဆိတ်နေလွန်းသည် ။ တစ်ယောက်မှာ ပြတင်းပေါက်ဘက်ကိုသာ လှည့်နေပြီး ကျန်တစ်ယောက်မှာတော့ တစ်ဖက်ကိုသာလှည့်နေတဲ့ ကောင်လေးကို ကြည့်လိုက် အရှေ့လမ်းကို ကြည့်လိုက်နဲ့ ဗျာများနေပါတော့သည် ။

ဒါ သူတို့ဘာဖြစ်နေကြတာလဲ ?

နှစ်ယောက်သား စိတ်ကောက်နေကြတယ်လို့ ထင်လိုက်ရင် မှားသွားမှာပေါ့ ။ ကဲ ပြောပြပါမယ်လေ သူတို့ဘာုဖစ်နေကြလဲ ။

" တကယ်ပဲ ကိုယ့်ကိုဘာမှမပြောတော့ဘူးလား ကလေး "

" ကျွန်တော်က ဘာပြောရမှာလဲ "

" ..... "

" မသွားပါနဲ့ဆိုပြီးလား "

" ........ "

" ကျွန်တော် လွမ်းနေမှာပါဆိုပြီးတော့လား "

ဂျပန်မှာ အပန်းဖြေစခန်း ဖွင့်ဖို့အတွက် Sehun သွားရမယ်လို့ ပြောထဲက ငြိမ်ကျသွားတဲ့ကလေးဟာ မနက်အိပ်ရာနိုးလာတော့လည်း Sehun နဲ့ မျက်နှာချင်းလဲ သိပ်မဆိုင်ဘဲ စကားတောင် ဆယ်လုံးပြည့်အောင်မပြောသေးပါ ။ Sehun မေးရင်လဲ အင်း အဲ လောက်သာဖြေ၏ ။

Sehun လည်း ဘာလုပ်ရမှန်းမသိ ။ ကလေးကိုလည်း အတူခေါ်သွားချင်ပေမဲ့ နေအရှင်းမပျောက်သေးတာကြောင့်ရယ် ... နောက်ပြီး လေယာဉ်မစီးရဲသည့် ကလေူကြောင့် သူမခေါ်ချင် ။ အခုလည်း Sehun ခရီးသွားရင် တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ ကလေးအမေအိမ် လိုက်ပို့မည်ဆိုတော့ အင်းတစ်ခွန်းပဲပြောလို့ ခေါင်းညိမ့်လိုက်လာခဲ့သည် ။ တခြားစကားတော့ ဆက်မပြောတော့ ။

" ကိုယ်တမင်မခေါ်တာ မဟုတ် . . . . "

Sehun စကားတို့သည် ရုတ်တရက်ထွက်လာသော Luhan စကားကြောင့် တစ်ဝက်တစ်ပျက်ဖြစ်သွားခဲ့ရ၏ ။

" daddy ကျွန်တော့ကို ပုံသွင်းခဲ့တာ . . . ကျွန်တော့ကို အကျင့်တွေပျက်အောင် လုပ်ခဲ့တာ . . . ကျွန်တော့ကို daddy မရှိဘဲ မနေနိုင်အောင် လုပ်ခဲ့တာ . . . ကျွန်တော် သိတယ် . . ခရီးသွားမဲ့သူကို ဒီလိုအနှောင့်မယှက်ဖြစ်အောင် မလုပ်သင့်ဘူးဆိုတာ . . Daddy အလုပ်ကိစ္စကြောင့် သွားရတယ်ဆိုတာ . . . ဒါပေမဲ့ . . ဒါပေမဲ့ . . "

Sugar Daddy Where stories live. Discover now