Part - 13

18.3K 1.4K 204
                                    

ဟို . . အဟမ်း . . ဟိုဟာလေ . . အင်း . . ဒီအပိုင်းကလေ . . ဟမ်း . . အင်း . . သဘောပေါက် . . 😌

-------------------------------

ဒေါက် ဒေါက်

တံခါးခေါက်သံအဆုံး ဂျွန်ဟော့အထဲသို့ဝင်လာသည် ။ ဖိုင်တွဲတွေကြား ခေါင်းတောင်မဖော်နိုင်တဲ့ CEO Oh Sehun ဆီ တည့်တည့်လာရင်း လက်ထဲမှာကိုင်လာတဲ့ ဖိတ်စာလေးကို စားပွဲပေါ်တင်လိုက်သည့်အခါမှ သူ့ကိုမော့ကြည့်ဖော်ရသည် ။

CEO တစ်ယောက် ရည်းစားရခါမှ ၂ရက်စာ ၃ရက်စာအလုပ်တွေကို ပေါင်းလုပ်နေရပါသည် ။ တော်ကြာနေ နေရာကနေ ပျောက်သွားလိုက် ၊ တော်ကြာနေ ပြန်ပေါ်လာလိုက်နဲ့ပါလေ ။

ဘာပဲဖြစ်ဖြစ် ရည်းစားထားတယ်ဆိုတာကလဲ ကောင်းတာပါပဲ ။ CEO အသက်အရွယ်နဲ့ဆိုရင် ထားသင့်နေပါပြီလေ ။ တစ်ယောက်တည်း အလုပ်တွေချည်းဖိလုပ်နေတာထက်စာရင် တစ်ဖက်က အပျော်အပါးလေးလဲရှိဦးမှ ဘဝကြီးက နေရတာ အဓိပ္ပါယ်ရှိမှာကို ။

ဟုတ်တယ်မလား FA လေးတို့ ။

" ဘာတွေလဲ "

" Bear Fashion Square က သူဌေး Kim Jongin ရဲ့ ဆိုင်ခွဲသစ်ဖွင့်ပွဲ ဖိတ်စာပါ CEO . . "

" အိုကေ . . ထားခဲ့တော့ "

ဂျွန်ဟော့အခန်းထဲက ထွက်သွားသည့်အခါ Sehun ထိုင်ခုံနောက်ကိုမှီချလိုက်ကာ ငြိမ်သက်နေသည် ။ မနက်ကမှ ဟိုကလေးနဲ့ မနက်စာစားရင်း တွေ့ခဲ့တာ အခုထပ်တွေ့ချင်နေပြန်ပြီ ။

အလုပ်ကိုခေါ်လာလျှင်လဲ သူ့အနားပဲကပ်ချင်နေတဲ့ ကိုယ့်ကြောင့် ကလေးကလဲမလာချင် ။ ကိုယ်ကလဲ အရေးကြီးလုပ်စရာတွေရှိတော့ ကလေးရှိနေရင် မပြီးမှာစိုးလို့ ဇွတ်မပြောရဲ ။

ခေါင်းမှီရာကနေ ပြန်ထလိုက်တော့ လောလောလတ်လတ်ကမှ စားပွဲပေါ်ရောက်လာသည့် ဖိတ်စာလေးက Sehun ကို မျက်လုံးမှိတ်ပြနေပုံရသည် ။ Sehun နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ Yes ဟုပင် အသံထွက်ကာ အော်လိုက်မိသည် ။

" အွန်းး ကလေးလေး ပူတူးလေး ဘာလုပ်နေလဲ "

တစ်ဖက်ဖုန်းသံကနေ ကြားနေရသည့် အသံချွှဲချွှဲကြီးကြောင့် Luhan ကြက်သီးထသွားရပါသည် ။

Sugar Daddy Nơi câu chuyện tồn tại. Hãy khám phá bây giờ