Part - 20

18.7K 1.6K 282
                                    

ကုန်တိုက်တစ်ခု၏ ကားပါကင်ထဲသို့ Luhan ချိုးကွေ့ဝင်လာကာ ကားစက်သပ်လိုက်၏ ။ ထို့နောက် ကားပေါ်ကဆင်းကာ ကားရီမုခ်ကနေ နောက်ပြန်ပိတ်လျက် ကုန်တိုက်ထဲသို့ ဝင်လာခဲ့သည် ။ လက်ကလဲ ဖုန်းကိုကိုင်လို့ နံပါတ်အချို့ရိုက်နှိပ်နေ၏ ။

" အင်း ကလေး "

တဖက်မှအသံကြားသည်နှင့် Luhan မျက်နှာတို့ချက်ချင်းပြုံးသွားပါသည် ။

" daddy ... ဒီနေ့ဘာစားချင်လဲ ... ကျွန်တော်ကုန်တိုက်ရောက်နေတာ .. daddy စားချင်တာရှိတာပြောလေ .. ကျွန်တော်ချက်ကျွေးမလို့ "

" အလကား ပင်ပန်းအောင်လို့ ကလေးရာ "

တစ်ဖက်မှ ညီးညီးညူညူအသံကြောင့် Luhan နှုတ်ခမ်းဆူချင်သွားသည် ။

" ကိုယ်ချစ်တဲ့သူကို ချက်ကျွေးရတာ ပင်ပန်းတယ်ဆိုတာ ဘယ်မှာရှိလို့လဲဗျာ "

" ကလေးကလဲ ... ကိုယ်ချစ်တဲ့သူကို နည်းနည်းလေးမှ မပင်ပန်းစေချင်တာလဲ ကိုယ်တို့လိုလူတွေရဲ့ အချစ်ပဲလေ ... ဖြစ်နိုင်ရင် ကိုယ်က ကလေးကိုဘာမှမလုပ်စေချင်ဘူး .. ဒီအတိုင်း ကိုယ့်ဘေးမှာပဲ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားချင်တာ "

Luhan ခပ်တိုးတိုးရယ်လိုက်မိသည် ။ ထို့နောက် လက်တွန်းလှည်းတစ်ခုကိုယူကာ အသီးအရွက်တန်းဆီသို့ ခြေဦးလှည့်ခဲ့၏ ။

" daddy .. "

" အင်း ကလေး ... ပြောလေ "

" daddy . . ဇာတ်လမ်းတွဲကြည့်တာတွေ နည်းနည်းလျှော့ပါလား "

" ဘာကွ ! ဒီကလေးကတော့ နည်းနည်းမှရိုပေးလို့ မရဘူး "

Daddy ကသာ အခုမှရည်းစားစထားဖူးတာမှန်း သိသာနေတာ လို့ Luhan မပြောပြမိတော့ပါဘူးလေ ။ ဟားးး ... အခုတောင် မမြင်ရပေမဲ့လည်း Daddy ကြီး ဒေါပွနေမည့်မျက်နှာကိုတော့ Luhan ပုံဖော်မိသည် ။ ဒီလိုအချိန်ဆို daddy က သိပ်ချစ်စရာကောင်းတာ ။

" အဲ့တော့ စားမှာလား မစားဘူးလား daddy ... ကျွန်တော်က ဒီနေ့ ကျွန်တော်ချက်ပေးတဲ့ညစာလေးနဲ့ ရိုမန့်တစ် ဒင်နာ လုပ်ပေးမလို့ကို .. "

" ကင်မ်ချီဂျီဂဲ ဟင်းရည်ရယ် .. ပဲကြာဇံသုတ်ရယ် .. ပဲပြားကြော်ရယ် .. အဲ့သုံးမျိုးစားချင်တယ် ကလေး "

Sugar Daddy Where stories live. Discover now