Part - 1

41.3K 3.1K 442
                                    

IDK bar တွင် ဇာတ်လမ်းစသည် ။

ဘားလို့ ပြောလို့ ဘောက်သောက်လူတွေ မူးရူးပျော်ပါး ဆူညံနေတယ်လို့ ထင်ရင် မှားသွားလိမ့်မယ် ။ စန္နရားသံ ငြိမ်ငြိမ်လေးအောက်မှာ စီးဝင်နေကြတဲ့ အတွဲကိုယ်စီနဲ့အတူ ဝိုင်တို့ကော့တေးတို့ကို ဖြည်းဖြည်းချင်း တစ်ငုံချင်းသောက်လျက် ငြိမ်သက်စွာ အရသာခံနေတဲ့ လူတချို့လဲ ရှိသည် ။

ကြည့်လိုက်တာနဲ့ အဆင့်တန်းမြင့်ထဲက သူတွေချည်းလာနိုင်တဲ့ ဘားတခုဆိုတာ သိသာလှတယ် ။ အဆင့်အတန်းမြင့်လို့ ပြောမှတော့ မပြောမဖြစ်ပြောရမဲ့ လူတစ်ယောက်အကြောင်းလဲ ရှိသေးသဗျ ။

သူကတော့ ဒီကိုလာနေကျ သူတွေထဲကမှ ပိုပြီးအရေးကြီးတဲ့ တစ်နည်းပြောရရင် VIP guest ပေါ့ ။ ဥစ္စာပေါ ရုပ်ချော အရပ်ခပ်မြင့်မြင့် ခန္ဓာကိုယ်ကလဲ လုံးဝပြောစရာမရှိ ပြည့်စုံလွန်းတဲ့ Black Ocean Group ရဲ့ တစ်ဦးတည်းသောသား CEO Oh Sehun ပေါ့ ။

မိန်းကလေးတွေကြားထဲတင်မက ယောက်ျားလေးတွေကြားပါ နာမည်ကြီးတဲ့ ဒီလိုလူကိုမှ မပိုင်ဆိုင်ချင်ကြတဲ့ သူ ဘယ်သူရှိမလဲနော် ။

ဒါပေမဲ့လည်းပေါ့ ... ပုစွန်ထုပ်လေးကို ကောင်လေးနဲ့ မတွေ့ခင်ကပေါ့လေ ။

" မင်း အလုပ်သေချာမလုပ်နိုင်ဘူးလား ။ လူကို ကြည့်လိုက်ရင် ပျော့တိပျော့ဖတ်နဲ့ အခြောက်လိုလို ဘာလိုလိုနဲ့ ! မင်းတို့လို ကောင်တွေကြောင့် ငါတို့အပြောခံရတာသိလား ! မင်းပထွေးတွေက ပိုက်ဆံကိုအလကားပေးနေတာမဟုတ်ဘူး "

မန်နေဂျာဟု ထင်ရသော သူက ဆူတယ်ငေါက်တယ် ။ ရှေ့က ကောင်လေးက ခေါင်းကိုအောက်ထိငုံ့ထားလျက် တောင်းပန်စကား အထပ်ထပ်ဆိုနေသည် ။ မန်နေဂျာဖြစ်တိုင်း အထက်လူကြီးဖြစ်တိုင်း ကိုယ့်လက်အောက်ငယ်သားကို ဒီလိုဆက်ဆံတာကိုတော့ လုပ်ငန်းကြီး လုပ်နေသူပီပီ Sehun သိပ်တော့လက်မခံချင် ။

သို့ပေမဲ့ ခေါင်းငုံ့ထားလျက်ကပင် လက်သီးတင်းတင်းဆုပ်ထားကာ အံကြိတ်နေသော ရှေ့ကစားပွဲထိုးကောင်လေး၏ ပုံစံကိုတော့ စိတ်ဝင်စားနေသည် ။ ကောင်လေးပုံစံက မတတ်သာလို့သာ သည်းခံနေရတဲ့ပုံပင် ။

Sugar Daddy Where stories live. Discover now