Part - 15

17.8K 1.5K 156
                                    

လက်မှာပတ်ထားတဲ့ နာရီကို Luhan တစ်ချက်ငုံ့ကြည့်လိုက်သည် ။ အချိန်မှာ ညနေ ၅နာရီ ပင်ရှိနေပြီ ။ ဆောင်းတွင်းမို့ နေ့တာတိုတာကြောင့် မှောင်ရီပျိုးနေစပြုနေသည် ။

ဒီအချိန် ရုံးမှာ daddy ရှိနေဦးမလား ။ တစ်လောပိုင်းက ပျက်ကွက်မှုတွေကြောင့် အခုရက်ပိုင်း ညအထိ ရုံးမှာအလုပ်လုပ်နေရတယ် လို့ daddy ပြောတဲ့စကားကို ကြားယောင်မိ၍ Luhan ခြေလှမ်းတို့သည် daddy ၏ရုံးသို့ ဦးတည်လိုက်သည် ။

တွေးစရာတွေများနေသည် ။ ဖြစ်နေတဲ့ကိစ္စကို ဘယ်ကဘယ်လိုစဖြေရှင်းရမှန်း Luhan မသိပါ ။ ဒါကလည်း သူငယ်သေးလို့များလား ။ အသက်အရွယ်နဲ့မဆိုင်မှန်းသိသော်ငြား ဖြေရှင်းဖို့တစ်စုံတစ်ရာ ဦးနှောက်ထဲထွက်ပေါ်မလာတာ ဘာကြောင့်များလဲ ။

တင်းကြပ်နေတဲ့ ရင်အစုံ ။ မောဟိုက်နေတဲ့ စိတ်တွေ ။ ဖြေလျော့ချင်တဲ့ ဆန္ဒတွေရှိပေမဲ့ ဘယ်သူ့ဆီမှာ နှစ်သိမ့်မှုကို ခံယူရမလဲ ။

မားလား ?
မဖြစ်နိုင်တာ သူက ဘယ်လိုလုပ်မားကို ဖွင့်ပြောရက်မှာလဲ ။

ဒါဆို သူငယ်ချင်းလား ?
ပိုလို့တောင် မဖြစ်နိုင်သေးတယ် ။ Luhan မှာ ကိုယ့်အတွင်းရေး ဖွင့်ပြောတိုင်ပင်ရင်ဖွင့်ရလောက်တဲ့အထိ ယုံကြည်ရတဲ့ သူငယ်ချင်းဆိုတာ မရှိပါဘူး ။

ဒါဆို daddy လား ?
Luhan သက်ပြင်းမောတစ်ခု ရှိုက်လိုက်မိတယ် ။

တစ်နေ့တော့ ဖြစ်လာမယ်ဆိုတာ သိထားပေမဲ့ ဒီလောက်မြန်မြန်ကြီး ဖြစ်လာမယ်လို့ မတွေးမိထားဘူး ။ ပြီးတော့ ဒီလောက်ရုပ်ပျက်ဆင်းပျက် ပြိုလဲနေမိမယ်လို့လည်း မတွေးထားမိဘူး ။

ဒါဆို ဘယ်က စမှားခဲ့ကြတာလဲ ?
ဘယ်သူကစမှားခဲ့ကြတာလဲ ?

Luhan နဲ့ အိပ်ခွင့်တောင်းခဲ့တဲ့ daddy လား ?
အဆုံးစွန်ထိမငြင်းဘဲ လက်ခံခဲ့မိတဲ့ Luhan လား ?
ဟင့်အင်း ... တကယ်ဆို ဘယ်သူမှမမှားဘူး ။

Luhan့ ကို အရာအားလုံးပေးတဲ့အထိချစ်ပေးခဲ့တဲ့ daddy လည်း မမှားဘူး ။
Daddy ရဲ့ အရာအားလုံးကို လက်ခံပေးခဲ့တဲ့ Luhan လည်း မမှားဘူး ။
တွေ့ဆုံပေးခဲ့တဲ့ ကံကြမ္မာလည်း မမှားဘူး ။

Sugar Daddy Where stories live. Discover now