Epi - 30 ( Final )

21.4K 1.3K 137
                                    

ဖွင့်ပွဲသွားရချိန်နီးပြီမို့ ပြင်ဆင်ကာဖြင့် Sehun ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ နိုးနှင့်နေပြီးသားဖြစ်သော ကလေးက သူ့ကိုစူးစူးရဲရဲဖြင့် အံကြိတ်လို့ကြည့်နေ၏ ။

ထပ်ပြီးဘာများအမှားလုပ်မိထားသလဲလို့ ခေါင်းထဲအသည်းအသန်စဉ်းစားနေမိချိန်ပဲ ခါးတစ်ဝက်ကိုသာ တဘက်ဖုံး၍အုပ်လာတာကိုပင် Sehun မှာ မလုံမလဲ ။ တကယ်ဆို သူနဲ့ကိုယ်က အဆုံးထိသွားပြီးသား ဆက်ဆံရေးပင်ဆိုသော်ကြောင့် ရှက်စရာမလိုပေမဲ့လည်း မလုံမလဲဖြစ်နေမိတာက မနက်ထဲက ကိုယ့်ကိုသိပ်မကြည်သေးတဲ့ Luhan ကြောင့်ပေလား ။

ခေါင်းကရေကို ခြောက်အောင် တဘက်နဲ့သုတ်ရင်း ဗီရိုထဲက ဝတ်ရမည့်ဝတ်စုံကို ကြည့်နေရင်း ခုနက သူ့ညာဘက်လက်ပေါ် ခေါင်းတင်ကာ Luhan အိပ်ခဲ့တာကြောင့် ကျဉ်နေသည့်ဒဏ်က ရေချိုးပြီးတာတောင် အခုထိမပျောက်သေး ။ ရုန်းလိုက်ချင်ပေမဲ့ ကလေး နိုးသွားမှာစိုးလို့ ၂နာရီလောက်အထိ ကြိတ်မှိတ်ခံခဲ့ရတာ ။

နာပြီးကိုက်နေသည့် လက်ကိုအပေါ်အောက်ခါရင်း Sehun အနောက်သို့ မသိမသာမလှည့်ကြည့်လိုက်၏ ။ ယခင်အတိုင်းပင် Sehun ကို စူးရဲရဲကြည့်နေပြန်သေးသည် ။ ပြီးနောက်မှ ကုတင်ပေါ်ကနေ စကားသံလေးထွက်လာသည် ။

" နည်းနည်းကိတ်လာသလိုပဲ daddy ... "

" ဟင် . . . ဘာ . . . ဘာကို "

အဖြေပြန်မလာသေး လူကစွေ့ခနဲ Sehun ၏ မျက်နှာရှေ့သို့ ရောက်ချလာသည် ။

" daddy ရင်ဘတ်တွေလေ ... နည်းနည်းကိတ်လာသလိုပဲလို့  "

အော် . . . ရင်ဘတ်ပါတဲ့ ~~

" ရင်ဘတ်ကိတ်တယ်ဆိုတာ ဘယ်မှာရှိလို့လဲ ကလေးရဲ့ "

" ဒါဆို တခြားဘာကိတ်စရာရှိသေးလို့လဲ "

" မရှိဘူး . . မရှိပါဘူး "

အသံက ခပ်ရင့်ရင့် ။ မျက်စောင်းက ခပ်ထိုးထိုး ။ အံက တကြိတ်ကြိတ်နဲ့ ကလေးကို Sehun ကတော့ ဘာကြောင့် အဲ့လောက်ထိ စိတ်အကောက်ခံနေရမှန်း အခုထိနားမလည်သေးပါလေ ။

စစရောက်လာတုန်းက စိတ်ကောက်တော့မလိုနဲ့ သူနေလို့မကောင်းတာမို့ လူကိုရင်ခုန်အောင်တွေလုပ်စာ ချွဲကပ်လို့ဖက်အိပ်ခဲ့ပြီး . . . အခုလို အိပ်ရေးဝလို့ ခေါင်းကြည်သွားတဲ့အခါကျ စိတ်ကောက်ခြင်းအမှုက တစ်ဖန်ပြန်စလာပါရော ။

Sugar Daddy Where stories live. Discover now