Part - 6

23.3K 1.9K 333
                                    

တိုက်ခန်းတစ်ခန်း၏ အရှေ့တွင်ရပ်လျက် bell ခလုတ်ကို နှိပ်ရနိုးနိုး မနှိပ်ရနိုးနိုးနဲ့ တွေဝေနေသည့် Sehun ။ တကယ်ဆို ဒီပုံစံက Oh Sehun မပီသလိုက်တာ ။

နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လျက် ရဲရဲကြီး နှိပ်ပစ်လိုက်သည် ။ ဘယ်လောက်မှ မစောင့်ရ ပွင့်လာသော တံခါးချက်နောက်မှ လူကြီးတစ်ယောက်လာဖွင့်ပေးသည် ။ ဒါ ကလေးအမေတဲ့လား ။

ကလေးက သူ့အမေနဲ့ တူတာဖြစ်ရမည် ။ အသက်အရမ်းမကြီးသေးပေမဲ့ ရောဂါကြောင့် မျက်နှာကဖျော့သယောင် ရှိသည် ။

" ဘယ်သူလဲ မသိဘူး "

" ဟုတ်ကဲ့ ကျွန်တော်က Luhan ကျောင်းတုန်းက စီနီယာပါ "

" အာ .. အော် ... သားလေး . . ဝင်လာခဲ့လေ "

အခုမှ အားနာနာနဲ့ တံခါးအပြည့်ဖွင့်ပေးတာကြောင့် Sehun အိမ်ခန်းထဲကို ဝေ့ကြည့်လိုက်သည် ။ ဒီအခန်းကို စီစဉ်ပေးပြီးထဲက သူပထမဆုံးအကြိမ် ရောက်ခြင်းဖြစ်သည် ။

" ဟိုကောင်လေးကတော့ မနိုးသေးဘူးကွယ် . . သား ထိုင်ဦး ကော်ဖီသောက်မလား "

" မသောက်တော့ဘူး အန်တီ .. ကျွန်တော် အန်တီကို ပြောစရာလေးလည်း ရှိလို့ "

သားဖြစ်သူ၏ စီနီယာက သူ့ကိုပြောစရာရှိတယ်ဆိုတော့ Luhan့ အမေ အံ့ဩသွားပုံရသည် ။ တစ်ခုခုဆို မျက်လုံးပြူးပြီး ကြောင်ကြည့်တတ်သည့် ပုံစံက သားအမိနှစ်ယောက် တစ်ပုံစံတည်းပဲ ။

" ကျောင်းတုန်းက Luhan က ကျွန်တော့ကို အများကြီး ကူညီပေးခဲ့တာ .. သူကျောင်းနားသွားတာ ကြားရတော့ ကျွန်တော်စိတ်မကောင်းဘူး ။ ဒါကြောင့် သူ့ကိုကျောင်းပြန်တက်စေချင်တယ် အန်တီ "

" အန်တီလဲ ကျောင်းပြန်တက်ဖို့ အဲ့ဒီကောင်လေးကို ပြောတာပါပဲ ။ သူက အန်တီ့ကျန်းမာရေးကြောင့် မတက်ဘူးပဲ ပြောပြီး အလုပ်တွေလုပ်နေတာ "

" သူ့အသက်ငယ်ငယ်လေးနဲ့ တက်လမ်းတွေရှိသေးတယ် ။ ကျွန်တော်သူ့ကိုလဲ ပြောထားပါတယ် ။ အန်တီ့ကိုလည်း အကျိုးအကြောင်း သိစေချင်လို့ပါ "

Luhan အိမ်မှာဘယ်လိုနေလဲ သိချင်လို့ လာတာတော့ ထည့်မပြောတော့ပါဘူးလေ ။

Sugar Daddy Where stories live. Discover now