"ဖေဖေ မအိပ်သေးဘူးလား။"
"ဆက်ပိုင်ရောသား။"
"အခန်းထဲမှာ ဖေဖေ။"
ဦးထွန်းဟန် ရှေ့မှလျှောက်သွားပြီး သူတို့အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ထက်ပိုင် စိတ်ထဲထင့်သွားသည်။ ဆက်ပိုင်ထံမှ ဘီယာန့ံကို ဖေဖေရမည်မှာသေချာသည်။ ဦးထွန်းဟန်သည် ထက်ပိုင်တို့ အရက်သောက်သည်ကိုမကြိုက်။ ဆယ်တန်းအောင်၍ ထက်ပိုင်ဘီယာသောက်မိသည့်နေ့မှာ ဦးထွန်းဟန် အကြီးအကျယ်စိတ်ဆိုးဖူးသည်။ ဒီနောက်ပိုင်း အိမ်မှာအရက်နံ့လုံးဝမရစေရဟူ၍ အမိန့်ထုတ်ထားခဲ့သည်။ သားယောက်ျားလေးများမို့ မသောက်ပါနှင့်ဟူ၍တော့မတား။ အရက်သောက်ထားလျှင် အိမ်ပြန်မလာရဟူသော စည်းကမ်းချမှတ်ထားသည်။ ဒါပေမယ့် ဆက်ပိုင်ကို ငုံ့ကြည့်နေသည့် ဦးထွန်းဟန် မျက်နှာမှာ ဒေါသရိပ်များရှိမနေ။ ဆက်ပိုင်ဆံပင်များကို ဖိသပ်ပြီး ထက်ပိုင်ကိုလှည့်ကြည့်လာသည်။
"ရန်နိုင်လိုက်ပို့တာလား သား။ ဖေဖေကားသံကြားလိုက်တယ်။"
"ဟုတ်ကဲ့။"
ဦးထွန်းဟန် ခေါင်းတစ်ချိတ်ညိတ်လိုက်သည်။
"ဆက်ပိုင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစမ်းပါ သားကြီးရာ။ ဒီကလေးထမ်းထားရတဲ့ဝန်က အရွယ်နဲ့မမျှဘူး။ အခုအချိန်မှာ မင်းကိုဖေဖေ ဒီလောက်ပဲပြောခွင့်ရှိတယ်။ တစ်နေ့ကျရင်တော့ မင်းလည်းနားလည်လာမှာပါ။"
ဦးထွန်းဟန် ဘာကိုဆိုလိုချင်မှန်း ထက်ပိုင် နားမလည်။ ဒါပေမယ့် ဆက်ပိုင်ဆိုလျှင် အမြဲလိုလို ဦးစားပေးဆက်ဆံသည်ကိုတော့ သူ သိသည်။ ငယ်စဉ်တုန်းကလို မနာလိုတော့ မဖြစ်မိတော့ပါ။ သူကိုယ်တိုင်လည်း မဝန်ခံချင်သေးပေမယ့် ဆက်ပိုင်အပေါ် သံယောဇဉ်ဖြစ်နေပြီဖြစ်သည်။ အခန်းအပြင်ထွက်ရန် လှည့်ထွက်လာသော ဦးထွန်းဟန် တံခါးရှေ့တွေ ခေတ္တရပ်တန့်ကာ ထက်ပိုင်ကို လှည့်ကြည့်သည်။
"ဟိုတစ်နေ့က ဖေဖေ ဦးသိန်းကြည်နဲ့တွေ့ဖြစ်တယ်သား။"
"ဗျာ..."
မထင်မှတ်ထားသော စကားမို့ ထက်ပိုင်အံ့သြသွားသည်။ ရွှေစင် သူတို့အိမ်သို့ လာလည်လေ့မရှိသလို ဦးထွန်းဟန်သည်လည်း သူ့ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့။ ရွှေစင့်ကို ထက်ပိုင်ချစ်သူ ဆိုတာတော့ နှစ်များကြာလှပြီမို့ ဦးထွန်းဟန်သိသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...
Part 13 (Unicode)
Start from the beginning
