"ကိုထက်.. နိုးနေပြီလား။"

"အင်း.."

"အစောကြီးရှိသေးတယ်။"

"ကော်ဖီရော။"

ထက်ပိုင် ဖုန်းကို စားပွဲပေါ်လှမ်းပြန်တင်လိုက်သည်။

"မဖျော်ရသေးဘူးဗျ။ ခဏလေး။ အခုဖျော်ခဲ့ပေးမယ်။"

ဆက်ပိုင်အကျီင်္တစ်ထည်ကို ကောက်စွပ်ကာ မီးဖိုချောင်သို့လာခဲ့သည်။ လျှပ်စစ်ရေနွေးအိုးမှ ရေဆူချိန် ထက်ပိုင်မီးဖိုခန်းထဲ လှမ်းဝင်လာသည်။ မျက်လုံးများက အိပ်ချင်စိတ်မပျောက်သေး။ စားပွဲပေါ် ခေါင်းချအိပ်နေသည်။

"ကိုထက် အိပ်ချင်ရင် ပြန်အိပ်ဦးလေ။ ဒီနေ့သင်တန်းမရှိဘူး မဟုတ်လား။"

"အင်း.."

ထက်ပိုင် နေရာမှမရွေ့။ သကြားမပါသော ကော်ဖီခွက်ကို ထက်ပိုင်ရှေ့ချပေးလိုက်သည်။ ကြက်ဥကြော်နှင့် ပေါင်မုန့်ပန်းကန်ပါ ချပေးလိုက်သည်။ သူကတော့ ဘာမှစားချင်စိတ်မရှိ။ ရေခဲရေအေးအေး တစ်ခွက်ကိုသာငှဲ့ထည့်ကာ စားပွဲမှာဝင်ထိုင်ဖြစ်သည်။

"မင်းကို ရန်နိုင် ဆဲနေတယ်။"

"ဟုတ်သားပဲ။ ဆိုင်ဖက်ကိုမရောက်ဖြစ်တာတောင်ကြာပြီ။ ကိုမင်းသူရောလာလား။"

"မင်းကလွဲရင် အားလုံးလာတယ်။"

ထက်ပိုင် အဆဲတစ်ဝက်နှင့်ဖြေလိုက်သည်။ ကော်ဖီခါးခါးကိုမော့သောက်လိုက်သည်။ ပူနွေးသော ကော်ဖီကလည်ချောင်းတစ်လျှောက် နှစ်လိုဖွယ် စီးဆင်းသွားသည်။ ဆက်ပိုင်ဖျော်သော ကော်ဖီပူပူကို သူမသောက်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

"ဆောရီးပါဗျာ။ တကယ်ပါ။ ကျွန်တော်လာချင်ပါတယ်။"

"အေးပါကွာ။ ထားပါတော့။"

"မမာလာ ဘာပြောသေးလဲ။"

"ဘာပြောရမလဲကွ။ မင်းကိုကျောက်ပြင်ရွက်စောင့်နေတယ်ပြောတာပဲ။"

ဆက်ပိုင် ရယ်လိုက်သည်။ ငယ်စဉ်ကျောင်းသားဘဝက မာလာ့အစအနောက်များကို စိတ်ညစ်မိပေမယ့် အခုတော့ နေသားကျနေပြီဖြစ်သည်။

"မမာလာနဲ့ ကိုမင်းသူကမှ အတွဲညီတာလို့။"

"ဟိုဗိုက်ပူကို မင်းမမ မာလာကကြိုက်မလား။"

စည်းМесто, где живут истории. Откройте их для себя